နိုဝင်ဘာ ၁၄ ၊ ဟုမ္မလင်း
နောင်ပိုအောင် ဥရုချောင်းကူးတံတားကို အဆင့်မြင့်တင်မှုကြောင့် ယနေ့မှစပြီး ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“ ဒီနေ့စပိတ်တာဟုတ်တယ် ၊ ဆိုင်ကယ်တွေကတော့ သွားလို့ရတယ် ၊ ကားတွေကတော့ ကူးတို့နဲ့ ကူးရတယ် တံတားအောက်မှာ စက်လှေနှစ်စင်းရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
နောင်ပိုအောင် ဥရုချောင်းကူးတံတားအဆင့်မြင့်တင်မှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလက စတင်ခဲ့ခြင်းဖြစ်သည်။
တံတားခံနိုင်ဝန်ကို တန် ၆၀ အထိ တိုးမြင့်မည်ဖြစ်ပြီး ကြိုးတံတားအပိုင်းကို ဖြုတ်သိမ်းကာ သံဘောင်ပလိတ်ဂါဒါများဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း စတင်ဆောက်လုပ်စဉ်က တည်ဆောက်ရေးညွှန်ကြားရေးမှူးက ပြောဆိုထားသည်။
နောင်ပိုအောင် ဥရုချောင်းကူးကြိုးတံတားက ပေ ၁၀၉၀ ရှိပြီးတော့ ပေ ၅၀၀ က ချဉ်းကပ် တံတားအပိုင်းဖြစ်ပြီး ပေ ၅၄၀ က
ကြိုးတံတားအပိုင်းသည်။
ကြိုးတံတားပြုပြင်မှုကို ယခင်အရပ်အစိုးရလက်ထပ်က ပြည်ထောင်စုရံပုံငွေနဲ့ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး လာမယ့်နှစ်ပြီးဖို့လည်း
ရည်ရွယ်ထားကြောင်း သိရသည်။
နောင်ပိုအောင်ကြိုးတံတားသည် နမ့်တော – နောင်ပိုအောင် – ဟုမ္မလင်း ဆက်သွယ်သည့် လမ်းပိုင်းအတွက် အရေးပါသည့် တံတားတစ်ခုလည်းဖြစ်သည်။