နှစ်ပေါင်း၅၀ကျော်အတွင်းမြစ်ကြီးနားနှင့်ခန္တီးမြို့များအမြင့်ဆုံးအပူချိန်စံချိန်သစ်တင် 

ဇွန် ၂ ၊ ခန္တီး 

မြစ်ကြီးနားမြို့နှင့် ခန္တီးမြို့များဟာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တစ်ရပ်တင်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ မိုးလေဝသစခန်းဖွင့်လှစ်ပြီး နှစ်ပေါင်း ၅၈ နှစ်အတွင်းမှာ အမြင့်ဆုံးအပူချိန်ဖြစ်တဲ့ ၄၂.၃ ဒီဂရီစင်တီဂရိတ် ၊ ၁၀၈.၁ ဒီဂရီ ဖာရင်ဟိုက်တင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 

မြစ်ကြီးနားမြို့မှာလည်း မိုးလေဝသစခန်းဖွင့်လှစ်ပြီး နှစ်ပေါင်း ၅၇ နှစ်အတွင်း  ယခင်အမြင့်ဆုံးအပူချိန် ၄၁.၅ မှ  ၄၁.၈ အထိ မြင့်တက်လာပြီး အမြင့်ဆုံးအပူချိန် စံချိန်သစ်တစ်ရပ် တင်ခဲ့တာလည်းဖြစ်ပါတယ်။ 

မေလ ၃၁ ရက်နေ့မှာ အနောက်တောင်မုတ်သုံလေဟာ  မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသများနှင့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်တယ််လို့ မိုးဇလက ကြေညာထားပေမယ့် မြန်မာနိုင်ငံအထက်ပိုင်းဒေသကို ဘယ်အချိန်ဝင်ရောက်မယ်ဆိုတာ ခန့်မှန်းထားခြင်းမရှိသေးပါဘူး။ 

ဒီလိုမုတ်သုံလေတွေမဝင်ရောက်လာမှီအချိန်တွင် အပူဒဏ်များကို ဆက်လက်ခံစားရနိုင်ဖွယ်ရှိပြီး အပူဒဏ်ကို ကျန်းမာရေးဌာန်က အကြံပေးချက်တွေနဲ့အညီ နေထိုင်ကြဖို့ သတိပေးထားပါတယ်။ 

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ကလေးဝ ၊ တမူး၊  ခန္တီး ၊ မြစ်ကြီးနား စတဲ့မြို့တွေမှာ အပူချိန် စံချိန်သစ်တင်ခဲ့သလို မြန်မာနိုင်ငံအလယ်ပိုင်းက မြို့တွေမှာလည်း ယခင်နှစ်တွေထက်အပူချိန်တိုးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *