နှစ်ဝက်အတွင်းမြန်မာလူဦးရေ၃သန်းကျော်ကို  အကူအညီပေးနိုင်ခဲ့တယ်လို့ကုလဆို 

ဩဂုတ် ၁၀ ၊ ရန်ကုန်

၂၀၂၂ ခုနှစ် နှစ်ဝက်အတွင်းမှာ မြန်မာလူဦးရေ  ၃ သန်းကျော်ကို အရေးပေါ်နဲ့လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေပေးနိုင်ခဲ့တယ်လို့ UNOCHA က ဩဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။ 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေသွားရောက်ပေးအပ်ဖို့အတွက်လည်း  သွားလာကူညီခွင့် တင်းကျပ်နေတဲ့ အခြေအနေတွေက ဆက်ရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ 

လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက ဦးတည်လူထု ၃သန်းကျော်အတွက် အရေးပေါ်အမိုးအကာနဲ့ကယ်ဆယ်ရေးပစ္စည်းတွေ၊ စားနပ်ရိက္ခာနဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကူအညီတွေ၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အာဟာရဆိုင်ရာပံ့ပိုးမှုတွေ၊ ပညာရေးအခွင့်အလမ်းတွေနဲ့ လူမှုကာကွယ်ရေးဝန်ဆောင်မှုတွေအပါအဝင် မရှိမဖြစ် အသက်ကယ်နဲ့ လူမှုကူညီရေးအကူအညီတွေ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

UNOCHA က ဒီနှစ်အတွင်းမှာ  လူဦးရေ ၆ သန်းကျော်ဆီကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ မျှော်မှန်းထားတာဖြစ်ပြီး လက်ရှိအချိန်ထိ တွက်ချက်ထားတဲ့ ရံပုံငွေရဲ့  ၁၃ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ သိရပါတယ်။ 

နိုင်ငံတဝှမ်းဖြစ်ပွားနေတဲ့  ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူတွေဟာ ဩဂုတ်လ ၁ ရက်နေ့အထိ ၁.၂ သန်းကျော်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *