ပင်လုံကတိကဝတ်ကိုအတိအကျအကောင်အထည်ဖော်မယ်လို့ NUCC ကတိပြု

၁၉၄၇ ပင်လုံစာချုပ် ချုပ်ဆိုနေစဉ် Photo – Internet

ပင်လုံကတိကဝတ်နဲ့ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အခြေခံမူတွေပေါ်အခြေပြုပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်သွားမယ်လို့ဒီနေ့ကျရောက်တဲ့ပြည်ထောင်စုနေ့မှာအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC. က  ထုတ်ပြန်လိုက်ပါတယ်။ 

 အစိုးရအဆက်ဆက်ကတိုင်းရင်းသားတွေမျှော်မှန်းခဲ့ကြတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုဖော်ဆောင်ခဲ့ယောင်နဲ့လိမ်လည်ပြီးတော့  ပင်လုံစာချုပ်၊ပင်လုံကတိကတတ်တွေကိုချိုးဖောက်ကာ  တစ်ပြည်ထောင်စနစ်ကိုကျင့်သုံးခဲ့ကြတယ်လို့ဆိုပါတယ်။ 

NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေကဒီပင်လုံစာချုပ်၊ပင်လုံကတိကဝတ်တွေကိုတိကျစွာဖော်ဆောင်ဖို့အလွန်အရေးကြီးပြီးဖက်ဒရယ်ဒီမိုကရေစီကိုလည်းဒီအတိုင်းအကောင်အထည်ဖော်ဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ရေးသားထားပါတယ်။​

ဒီလို ပင်လုံ စာချုပ် ၊ ပင်လုံကတိကဝတ်တွေ ချိုးဖောက်ပြီးတော့ သမိုင်းတစ်လျှောက် ဖိနှိပ်အနိုင်ကျင့်ခံရမှုများ ၊ ခွဲခြားဆက်ဆံခံရမှုများအတွက် NUCC တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကိုလည်း တောင်းပန်ခဲ့ပါတယ်။ 

​NUCC က ဇန်နဝါရီလအတွင်းမှာ ပြည်သူ့ ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီးတော့ ဖက်ဒရယ်စီမိုကရေစိပဋိဉာဉ် အစိတ်အပိုင်း (၁) နဲ့ (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံကို အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။ 

NUCC မှာ အစုအဖွဲ့ (၅) ခုကို ကိုယ်စားပြုတဲ့ အဖွဲ့ဝင် အဖွဲ့စည်း (၃၃) ဖွဲ့နဲ့ ဖွဲ့စည်းလိုက်ကြောင်း ပထမအကြိမ်ပြည်သူ့ညီလာခံ အပြီးထုတ်ပြန်ခဲ့ပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *