ပန်းလားကျေးရွာအမက(မူလွန်) ကျောင်းဗုံးခွဲမယ်လို့ခြိမ်းခြောက်ခံရ

ကျောင်းနံရံပေါ်မှာ ရေးခြစ်ထားသည့် ခြိမ်းခြောက်စာ Photo/ShanNi Voice

ဩဂုတ် ၁ ၊​ အင်းတော်ကြီး 

အင်းတော်ကြီးဒေသ ပန်းလားကျေးရွာ အမက(မူလွန်) ကျောင်းကို  ကျောင်းဆက်ဖွင့်နေရင် ဗုံးခွဲမယ်လို့ ခြိမ်းခြောက်ကြောင်း ကျောင်းသားမိဘတွေဆီကနေ  သိရပါတယ်။ 

မနေ့ည ( ဇူလိုင်၃၁ရက် ) မှာကလေးငါးခြောက်ရောက်လာတယ်တဲ့  ကျောင်းနားအိမ်နီးနားတွေကကိုယ့်ရဲ့ရွာသားတွေပဲထင်လို့ဘာမှမပြောတာတဲ့နောက်ပိုင်းကျမှပြောတာဒီလိုရေးတာကို  မနက်ကျမှာသိတာ၁၁၁၂လောက်လို့ပြောတယ်လို့ပန်းလားကျေးရွာသားတစ်ဦးကပြောပြပါတယ်။ 

ကျောင်းသူ/သား တစ်ရာကျော် ပညာသင်ကြားနေတဲ့ ကျောင်းနံရံမှာ “  ကျောင်းပိတ် မပိတ်ရင်ပိတ် မပိတ်ရင်ဗုံးခွဲမယ်”  လို့ မှုတ်ဆေးနဲ့ ရေးသွားတာလည်းဖြစ်ပါတယ်။ 

ဒီလိုခြိမ်းခြောက်မှုက အင်းတော်ကြီးဒေသမှ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ 

ခြိမ်းခြောက်မှုတွေရှိနေပေမယ့်လည်း ကျေးရွာသားတွေက ကျောင်းကို ဆက်လက်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ 

ပန်းလားကျေးရွာက အင်းတော်ကြီး အင်းမြှီးဒေသမှာရှိတဲ့ ရွာတစ်ခုဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားအများဆုံးနေထိုင်တဲ့ ကျေးရွာတစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *