ပုဒ်မ၁၇/၁နဲ့ထောင်ချခံထားရတဲ့ရှမ်းနီဒေသခံတစ်ဦးရက်စေ့ပြီးပြန်လွှတ်မြောက်လာ 

ဇွန် ၄ ၊ ဟုမ္မလင်း 

SNA ရဲ့ သင်တန်းဆင်းပွဲမှာ မီဒီယာကိုဖြေဆိုခဲ့တဲ့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုလူကျန်ကို စစ်တပ်က ၂၀၂၀ ခုနှစ် ဇူလိုင်မှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆို ထောင်ချခဲ့ပြီး  နောက် ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ ပြန်လွတ်လာခဲ့တယ်လို့ သိရပါတယ်။ 

ပြန်ထွက်ခဲ့တာဟုတ်တယ်ဗျ  ရက်စေ့လို့ပေါ့လေအလုပ်ကြမ်းနဲ့ထောင်ဒဏ် () နှစ်ကျတာပေါ့လေ  အဲ့လိုကျတော့အခုဟာက  လျှော့ရက်ပေါ့လေတစ်လနဲ့ခုနှစ်ရက်ရက်ရတာပေါ့ဖမ်းသွားကတည်းကနှိပ်စက်တာတော့မရှိဘူးဒါပေမယ့်စိတ်ဆင်းရဲစရာနဲ့ခြိမ်းခြောက်ခံရမှုဘာညာတော့ရှိတာပေါ့လေလို့ကိုလူကျန်ကပြောပြပါတယ်။ 

ဇွန်လ ၁ ရက်နေ့က ခန္တီးအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တာဖြစ်ပြီး နေရပ် ဟုမ္မလင်းကို ဇွန်လ ၂ ရက်နေ့မှာ ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ 

၂၀၂၂၀ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ စစ်ကောင်စီတပ် ကသာတပ်ရင်းက ဗျူဟာမှူးက စေတီဆိပ်ကျေးရွာမှ လာရောက်ခေါ်ဆောင်သွားပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

၂၀၁၈ ခုနှစ်က SNA သင်တန်းဆင်းပွဲမှာ မီဒီယာနဲ့ ဖြေဆိုထားတဲ့   ဗီဒီယိုဖိုင်ထဲက စကားလုံးတွေထဲက အဓိပ္ပါယ်ကိုယူပြီး တရားစွဲဆိုခဲ့တာဖြစ်တယ်လို့လည်း ကိုလူကျန်ကပြောပါတယ်။ 

ဟုမ္မလင်း နဲ့ ခန္တီးမြို့နယ်ထဲမှာ SNA နဲ့ ပတ်သက်ပြီး ၁၇/၁ ပုဒ်မနဲ့ ဖမ်းဆီးတရားစွဲဆိုခံရသူ ငါးဦးထက်မနည်းရှိပြီး  ဟုမ္မလင်း ချောင်းကြီးကျေးရွာက ကျားနီပါတီ စည်းရုံးရေးမှူးတစ်ဦးကိုလည်း  ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်းမှာ စစ်တပ်က ထပ်မံဖမ်းဆီးပြီး တရားစွဲဆိုမှုပြုလုပ်ခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *