ပုဒ်မ၅၀၅(က) နဲ့ဖမ်းဆီးထောင်ချခံထားရတဲ့အနုပညာရှင်တချို့ပြန်လွတ်မြောက်

မတ် -၂ ၊ ရန်ကုန် 

စစ်အာဏာသိမ်းမှုတွေကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တချို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးထောင်ချမှုတွေပြုလုပ်ခဲ့ပါတယ်။ 

ဒီနေ့မတ်လ (၂)ရက်နေ့မှာ အနုပညာလုပ်ငန်းတွေနဲ့ နိုင်ငံတည်ဆောက်ရေး  ပါဝင်ဆောင်ရွက်နိုင်စေဖို့အတွက် စစ်ကောင်စီဘက်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ် စစ်တပ်မြဝတီမီဒီယာက ဒီနေ့မှာ ထုတ်လွင့်ခဲ့ပါတယ်။ 

သရုပ်ဆောင်လူမင်း ၊ ပြေတီဦး ၊ အိန္ဒြာကျော်ဇင် ၊ ဒါရိုက်တာဝိုင်း ၊ ပိုင်တံခွန်နဲ့ ဝင်းမင်းသန်း ( Beauty Blogger ) တို့ကို ပြစ်ဒဏ်ကျခံနေရာကျနေ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။ 

၎င်းတို့ထဲကမှ တချို့က ဒီနေ့နေ့လည်မှာ နေအိမ်ကို ပြန်ရောက်နေပြီဖြစ်တဲ့အကြောင်း သူတို့တွေရဲ့ ဖေ့ဘုတ်တွေကနေ အသိပေးထားကြပါတယ်။ 

မဝင်းမင်းသန်းကိုတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ကျခံဖို့ရှိတဲ့ ပြစ်ဒဏ်တွေကိုသာ လွတ်ငြိမ်ချမ်းသာခွင့်ပြုခဲ့တာဖြစ်ပြီး  တရားပုဒ်မနဲ့ တရားစွဲဆိုခံထားရတာကိုတော့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒါတာရိုက်တာဝိုင်းကို အရေးယူထားတဲ့ ပြစ်မှုအားလုံးကို ပိတ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်.။ 

တရားရင်ဆိုင်နေရတဲ့ နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး ၊ အဆိုတော်စော်ဖိုးခွား ၊ ပိုပို နဲ့ ရဲတိုက်တို့ကလွတ်ငြိမ်းချမ်းသာခွင့်ထဲမပါဝင်သေးပါဘူး။ 

အာဏာသိမ်းပြီးကတည်းက ဒီနေ့ထိ ဖမ်းဆီးခံထားရသူ စုစုပေါင်း  ၁၂၄၅၅ ဦးရှ်ိပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ  ၁၉၇၃ ဦးရှိကြောင်း နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *