ပူတာအိုမြို့နယ်က မန်စေခွန်ရွာမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိုးမြေ ဧကရာနှင့်ချီ ပျက်စီးခဲ့ 

စက်တင်ဘာ ၂၅ ၊ ပူတာအို 

ပူတာအိုမြို့နယ် မန်စေခွန်ရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က  မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် နမ့်ပလပ်ချောင်းရေကြီးရေလျှံခဲ့ပြီး လယ်ယာစိုက်ပျိုးမြေ ဧက ၃၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

စိုက်ပျိုးထားဆဲဖြစ်တဲ့ လယ်မြေအတွင်းကို တောင်ကျရေများဝင်ရောက်မှုကြောင့် တစ်ရွာလုံးက စိုက်ပျိုးထားတဲ့ ဆန်စပါးတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရုပ်သံနှင့်တကွ ရှင်းပြထားပါတယ်။

ကျွန်မတို့ မန်စေခွန် တစ်ရွာလုံး လယ်တွေအားလုံးက ပျက်စီးသွားပါတယ်။ ကျွန်မတို့လယ်တွေအားလုံး ဆုံးရှုံးနစ်နာသွားပါတယ်။  ကျွန်မတို့ကို ကူညီနိုင်တဲ့သူတွေ ကူညီပေးပါရှင်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။ 

အိမ်ခြေ ၆၀ နဲ့ လူဦးရေ ၄၀၀ နီးပါးနေထိုင်တဲ့ မန်စေခွန်ကျေးရွာဟာ လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်တဲ့အတွက်ကြောင့် အခုလို ပျက်စီးမှုကြောင့် ထိခိုက်နစ်နာမှုများစွာရှိတယ်လို့ သိရပါတယ်။ 

ရေကြီးရေလျှံမှုကြောင့် လယ်ယာမြေတွေဟာ  သဲကျောက်တွေနဲ့ သစ်ပင် ၊ သစ်ကိုင်းတွေ  ဖုံးလွှမ်းသွားပြီး ပြန်လည်စိုက်ပျိုးနိုင်ဖို့ ပြုပြင်ဖို့များစွာ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားကြပါတယ်။ 

ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေကို ပြန်လည်ဖြေရှင်းနိုင်ဖို့အတွက် ကချင်ပြည်နယ် အစိုးရဆီကို မှတ်တမ်းဓာတ်ပုံတွေနဲ့ တင်ပြထားပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *