ပူးပေါင်းဆောင်ရွက်မှုခက်ခဲခြင်းကြောင့် RCSS/SSA ကရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU လုပ်ငန်းစဉ်တွေကိုဆိုင်းငံ့ထားမယ်

RCSS/SSA ၏ CSSU မှာလုပ်ငန်းစဉ်တွေ ရပ်ဆိုင်းမယ့်အပေါ် ထုတ်ပြန်ကြေညာချက်

ဖေဖော်ဝါရီ ၂၆ ၊ လွိုင်တိုင်းလျှန်း

ရှမ်းပြည်ညီညွတ်ရေးကော်မတိီ CSSU ရဲ့ ရည်မှန်းချက်တွေအတိုင်း အဖွဲ့ဝင်တွေကြား ပူးပေါင်းဆောင်ရွက်မှု ခက်ခဲခြင်းတွေကြောင့် RCSS/SSA က CSSU ရဲ့ လုပ်ငန်းစဉ်တွေကို ဆိုင်းငံ့ထားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

CSSU ဖွဲ့စည်းပြီးတဲ့နောက် ရည်မှန်းချက်တွေအကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းချက်တချို့တွေကြောင့်  တိုးတက်မှုထင်သလိုမတွေ့ရကြောင်းဆိုပါတယ်။ 

ရှမ်းနိုင်ငံရေးနှစ်ပါတီ ပေါင်းစည်းနိုင်ရေးကိစ္စဆောင်ရွက်နိုင်ခြင်းမရှိသလို ၊ ရှမ်းတပ်နှစ်တပ်ကြား တိုက်ပွဲတွေကြောင့်လည်း အရပ်သားတွေ ထိခိုက်နစ်နာရသလို စစ်ဘေးရှောင်ရတာ ၊ အတိဒုက္ခရောက်စေတာတွေဖြစ်ပေါ်လာပါတယ်။ 

CSSU ရဲ့ ရည်မှန်းချက်ဖြစ်တဲ့  ရှမ်းတိုင်းရင်းသားတွေကား ညီညွတ်ရေး တည်ဆောက်ရာမှာလည်း တိုးတက်မှုမရှိသလောက်နည်းပါးတဲ့အပြင် တိကျတဲ့ နိုင်ငံရေးရည်မှန်းချက်တွေလည်း မချမှတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ 

RCSS ရဲ့ ထုတ်ပြန်ခဲ့တဲ့ အားနည်းချက်နောက်တစ်ခုမှာ CSSU မှာ ကျင့်သုံးတဲ့အလှည်ကျခေါင်းဆောာင်မှုစနစ်ကအခြေအနေတွေနဲ့ကိုက်ညီပေမယ့် တစ်ဖက်မှာ နိုင်ငံရေးအကျိုးအမြတ်အတွက် အခွင့်အလမ်းတွေဖြစ်စေတာကြောင့် ထိရောက်မှုမရှိဘူးလို့ဆိုပါတယ်။ 

CSSU ကို ၂၀၁၃ ခုနှစ်မှာ ရှမ်းနိုင်ငံရေးပါတီတွေ ၊ လက်နက်ကိုင်အဖွဲ့တွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပေါင်းပြီး ဖွဲ့စည်းထားတာဖြစ်ပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ၊  ရှမ်းပြည်တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး တွေကို ဦးတည်ဖွဲ့စည်းခဲ့ကြကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *