ဩဂုတ် ၂၄ ၊ ဟုမ္မလင်း
ပြည်တွင်း ဒီဇယ်စျေးက တစ်လီတာကို ဒီနေ့ဩဂုတ်လ ၂၄ ရက်နေ့မှာ ၃၀၀၀ ကျပ်အထိ ရည်ညွှန်းစျေးမြင့်တက်လာပြီး နယ်မြို့တချို့တွေမှာ ၄၅၀၀ ကျပ်အထိ ရောင်းမြင့်ရောင်းချနေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
စက်သုံးဆီစျေးနှုန်းတွေက တစ်ပတ်ကျော်အထိ စျေးမကျသေးပဲ ပြတ်လပ်မှုတွေအထိပါ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ ဒီဇယ်စျေးက တစ်လီတာစျေး ၄၂၀၀ တဲ့ ၊ ဓာတ်ဆီရော ၊ ဒီဇယ်ရော ပေပါအလိုက်ဘယ်မှာမှ ဝယ်လို့မရနိုင်တော့ဘူး။ ဆီတွေအဝင်မရှိလို့မို့ဆိုပြီး ပေပါအလိုက်မရောင်းပေးတာတဲ့ ။ ဒီဇယ်တစ်ပေပါကို ၈ သိန်းအထက်မှာရှိတယ်” လို့ ဟုမ္မလင်းမြို့နယ်က ဒေသခံတစ်ဦးကဆိုပါတယ်။
ဗန်းမောက်မြို့မှာလည်း စက်သုံးဆီဆိုင်အများစု ပိတ်ထားပြီး လူရင်းနှီးတဲ့သူတချို့ကိုရောင်းချပေးတာရှိပြီး လိုသလောက်ရနိုင်တယ်လို့လည်း ဆိုပါတယ်။
“ ဗန်းမောက်မှာတော့ ဆိုင်အများစုက ပိတ်တယ်။ တစ်ဆိုင်စ နှစ်ဆိုင်စ ၊ ဆိုင်ပိတ်ထားရင်လည်း ဆိီထည့်ချင်တယ်လို့ အော်လိုက်မှာ သူတို့ဆိုင်ထဲကနေထွက်လာပြီး ဘယ်လောက်ဖိုးဆိုတာထည့်ပေးတယ်။ တစ်လီလ ၄၅၀၀ ၊ ၄၀၀၀ အဲ့လောက်ရှိတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စက်သုံးဆီစျေးတွေက ဩဂုတ်လ တစ်လအတွင်းမှာပဲ ကျပ်တစ်ထောင်အထိမြင့်တက်လာတာလည်းဖြစ်ပါတယ်။
ဒီလိုမြင့်တက်မှုတွကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ စျေးနှုန်းတွေမြင့်တက်သလို ၊ အခြေခံစားသောက်ကုန်တွေလည်း တစ်ဆကျော် စျေးမြင့်တက်နေပါတယ်။