ပြည်တွင်းရွှေစျေးအတက်ဘက်ကိုဆက်တိုက်ရောက်နေ 

ဗန်းမောက်မြို့နယ်က ရွှေမျှောတစ်ခုကို တွေ့ရစဉ်

ဇူလိုင် ၁၉ ၊ မန္တလေး

ကမ္ဘာ့ရွှေစျေးကွက်က တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၇၀၀ ဝန်းကျင်မှာရှိနေပြီး မြန်မာပြည်တွင်းစျေးကွက်မှာတော့ တစ်ကျပ်သားကို သိန်း ၂၁ နီးပါးစျေးကွက်ထဲမှာ ရောင်းဝယ်နေကြတာလို့သိရပါတယ်။ 

ဇူလိုင်လ ၁၈ ရက်နေ့မှာ ပြည်တွင်းရွှေဆိုင်ကြီးတွေမှာ တစ်ကျပ်သားကို သိန်းနှစ်ဆယ့်ရှစ်သောင်းရှိနေပြီး လှော်အိုးစျေးကွက်မှာ ၂၁ သိန်း၆သောင်းကျော်ရှိနေတယ်လို့ မန္တလေးမြို့က ရွှေဆိုင်တချို့ကနေသိရပါတယ်။ 

ရွှေထွက်ရာဒေသတွေမှာ ဗန်းမောက် နဲ့ ဟုမ္မလင်းမြို့တို့မှာ  ဇူလိုင်လ ၁၈ ရက်နေ့က ရွှေတစ်ကျပ်သား ၁၈ သိန်း ၃ သောင်းကနေ ဆယ့်ရှစ်သိန်း ၉ သောင်းအထိရှိနေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဗဟိုဘဏ်ရာ နိုင်ငံခြားငွေ ဒေါ်လာနဲ့သက်ဆိုင်တဲ့ မူဝါဒပြောင်းလဲမှုအပြီး မနေ့က ဒေါ်လာစျေးလည်း တစ်ဒေါ်လာ နှစ်ထောင့်၄ ရာနီးပါးစျေးမြင့်တက်ခဲ့လာခဲ့ပါတယ်။ 

“  ၁၅၀၀၀ ဝန်းကျင်လောက်တော့ တက်လာတာပေါ့ ဆိုင်ကြီးစျေး ၂၀၈၀၀၀၀ ဝန်းကျင် ၊ လှော်အိုးစျေး (၂၀၆၆၀၀၀)ဝန်းကျင်၊ ဒီ ပုံမှန်ဆိုင်သေးတွေတော့ အရင် ၂၂ သိန်း စျေးတွေလို အတက်ကြမ်း အကျကြမ်းအများကြီးမဖြစ်ကြပါဘူး” လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။ 

ပြည်တွင်းရွှေဈေးကို ဒေါ်လာဈေးနှင့် ကမ္ဘာရွှေဈေးဖြင့်ချိန်၍ ရောင်းလိုအား၊ ဝယ်လိုအားပေါ်မူတည်ပြီး ဈေးဖွင့်ကြရခြင်းဖြစ်ကာ ဒေါ်လာဈေးအမြင့်ပိုင်းတွင်ရှိနေခြင်းနှင့် မိုးတွင်းပိုင်းဖြစ်သည့်အတွက် ရွှေကုန်ကြမ်းအဝင်နည်းသောကြောင့် ရွှေဈေးကျဆင်းဖို့ အခြေအနေတွေမှာမရှိသေးဘူးလို့သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *