ပြည်နယ်(၅)ခုနဲ့ တိုင်း(၆)ခုတို့မှာ ထပ်မံမိုးကြီးနိုင်

စက်တင်ဘာ ၂၄ ၊​ ရန်ကုန် 

  ယနေ့စက်တင်ဘာလ(၂၄)ရက်နဲ့  နောက်ရက်(၂၅)ရက်နေ့ အပါအဝင် (၂)ရက်အတွင်းမှာ  တိုင်းနဲ့ပြည်နယ်(၁၁)ခုတို့မှာ မိုးကြီးခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းများ ပြင်းထန်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေသက ထုတ်ပြန်သတိပေးထားပါတယ်။

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ ကယားပြည်နယ်၊မွန်ပြည်နယ် စတဲ့ပြည်နယ်(၅)ခုနဲ့  နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းစတဲ့ တိုင်း(၆)ခုတို့မှာ  မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုထားပါတယ်။

ယခုလစက်တင်ဘာလ အစပိုင်းမှာပဲ ရာဂီမုန်တိုင်းအရှိန်ကြောင့်  ရေကြီးမြေပြိုခဲ့တဲ့ထဲ ပဲခူးတိုင်း၊မွန်ပြည်နယ်၊ဧရာဝတီတိုင်း ၊မန္တလေးတိုင်း၊နေပြည်တော်နယ်မြေတွေလည်း ပါဝင်ခဲ့တာကြောင့်  ဒေသခံတွေ သေဆုံးမှုများပြားခဲ့သလို ယနေ့အထိ  ရေဘေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

ဒီမိုးအတွက် ဟိုလိုကြီးပြင်ဆင်ထားတာတော့မရှိဘူးပေါ့ဒီမှာတော့ ပိုလျှံထားတာတွေစုပြီးတော့လုပ်ထားတာတွေတော့ရှိတယ် သူ့အစုနဲ့သူ ပိုလျှံတဲ့ဟာတွေကိုစုပြီး ထူထောင်ရေးအတွက်လည်းဟုတ်တယ် ပြင်ဆင်ရေးအတွက်လည်းဟုတ်တယ် လိုတယ်ဆိုရင်ဒါပဲသုံးရမှာပေါ့’လို့ ရေဘေးတိမ်းရှောင်နေရဆဲဖြစ်တဲ့  နေပြည်တော်ဒေသခံတစ်ဦးက နောက်ထပ်မိုးသည်းထန်နိုင်ခြင်းအပေါ်  ပြင်ဆင်ထားနိုင်ခြင်းမရှိသေးဘူးလို့ ပြောပြပါတယ်။

စက်တင်ဘာလ(၁၈)ရက်နေ့ကနေ (၆)လအတွင်း ရေဘေးသင့်နေသူတွေကို ၎င်းတို့နေရပ်ပြန်လည်ပို့ဆောင်ခြင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အားချင်းလုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။ 

စက်တင်ဘာလဆန်းမှာ ရေကြီးရေလျှံခဲ့မှုတွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သေဆုံးသူ (၂၂၆)ဦး ၊ ပျောက်ဆုံးသူ(၇၇)ဦး၊ ရေနစ်မြှုပ်ခဲ့ပျက်စီးခဲ့တဲ့နေအိမ် အလုံးရေ(၂)ထောင်ကျော်၊ ရေဘေးတိမ်းရှောင်နေရသူ (၄)သိန်းနီးပါးရှိနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *