ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများကို စတင်ရေးဆွဲနေ

ဖေဖော်ဝါရီ ၁၂၊ ချင်းမိုင် 

ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ ကို စတင်ပြင်ဆင်ရေးဆွဲနေပြီလို့ ဖက်ဒရယ်ကောင်စီများနှင့် တိုင်းရင်းသားလက်နက်ကိုင်များက ဒီနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကြေညာလာပါတယ်။ 

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြားကာလမှ စတင်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်တဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ လို သက်ရောက်မှုရှိမယ့် အစီအမံတစ်ရပ်ရေးဆွဲတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဗဟိုချုပ်ကိုင်မှုစနစ်တွေကိုလက်ခံကျင့်သုံးသွားမှာမဟုတ်ကြောင်းပြောထားကြပါတယ်။

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး”  Bottom up federalism Apporach ဖြင့်သာတိုင်းပြည်တည်ဆောက်ရေးတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထိုကောင်စီတွေကဆိုပါတယ်။ 

ဗဟိုချုပ်ကိုင်မှုစနစ်ကြောင့် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်တိုင် နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သေးသလို နောက်ဆက်တွဲ ပိုရှုပ်ထွေးတဲ့ ပြဿနာတွေကို ပေါ်ပေါက်လာနေတယ်လို့ ထုတ်ပြန်ချက်မှာပြောဆိုထားပါတယ်။ 

ဒီနေ့ တစ်ရက်တည်းမှာပဲ  ရှမ်းမြောက်ကမြို့အများစု သိမ်းပိုက်ထားတဲ့ TNLA က  ပြည်ထောင်စုနိုင်ငံမတည် ဆောက်နိုင်တာဟာ နိုင်ငံရေးပါတီ၊ နိုင်ငံရေးနဲ့ တော်လှန်ရေး ခေါင်းဆောင် တွေရဲ့ နိုင်ငံရေး ယဉ်ကျေးမှုနိမ့်ကျနေဆဲ အခြေအနေကို ညွှန်ပြနေတာဖြစ်တယ်လို့ဆိုပါတယ်။ 

ထုတ်ပြန်ကြတဲ့အဖွဲ့တွေဟာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊  ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မွန်ပြည်သစ်ပါတီ (​NMSP-AD) ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ပအိုဝ့်အမျိုးသားဖက်ဒရယ်ကောင်စီ၊ မွန်ပြည်နယ် ဖက်ဒရယ်ကောင်စီ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ၊ အမျိုးသမီးများအဖွဲ့ချုပ် တို့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *