ဖမ်းဆီးခံထားရတဲ့  ရှမ်းနီဦးဇင်းအရှင်သူရိယနှင့်ဒေသခံများပြန််လည်လွှတ်မြောက် 

ဩဂုတ် ၂၆ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာမှာ ဖမ်းဆီးခံရတဲ့   ဦးဇင်း အရှင်သူရိယ အပါအဝင် ဒေသခံအများအပြားကို PDF တွေက ပြန်လွှတ်ပေးခဲ့ပြီလို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

ကြောင်လည်ကျေးရွာမှာ သီတင်းသုံးနေတဲ့ အရှင်သူရိယက ဩဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းမှာ လွှတ်မြောက်လာခဲ့တာဖြစ်ပြီး ၊ ပင်ပုံကျေးရွာသား ၁၅ ဦးကိုလည်း အဲ့ဒီနေ့ညနေပိုင်းမှာပဲ ပြန်လည်လွှတ်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ပင်ပုံကျေးရွာက လူငယ် ၁၅ ဦးကို SNA နဲ့ မပတ်သက်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းတာဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် ဩဂုတ်လ ၂၄ ရက်နေ့မှာပဲ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ နန့်သောင်ကျေးရွာသူနှစ်ဦးကိုလည်း မနေ့ကဩဂုတ်လ ၂၅ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သူ့တို့မိသားစုတွေကနေ သိရပါတယ်။ 

ဟုတ်တယ် ရွာထဲမှာပဲ ဖမ်းသွားတာ။ ခုနကတော့ အိမ်မှာရောက်နေပြီတဲ့ “ လို့ ဖမ်းဆီးခံရတဲ့နန့်သောင်ရွာသူ တစ်ဦးရဲ့ အမျိုးသားက အတည်ပြုပါတယ်။ 

လက်ရှိအချိန်မှာ ပင်ပုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း ၊ ကျောင်းဆရာ အောင်ပန်း နဲ့ ဒေသခံတစ်ဦးကတော့ လွှတ်မြောက်လာခြင်းမရှိသေးကြောင်းလည်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *