ဖားကန့်မြို့နယ်ရှိရပ်နားထားရတဲ့ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများပြန်လည်လုပ်ကိုင်နေပြီဟုဆို

ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုကိုတွေ့ရစဉ်

ဒီဇင်ဘာ ၈ ၊ ဖားကန့် 

ဖားကန့်မြို့နယ်အတွင်းရှိ ဒေသတွင်း မငြိမ်မသက်မှုတွေကြောင့် လအနည်းငယ်ရပ်ထားရတဲ့ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများက ယခုလရာသီအစမှစတင်ပြီး လုပ်ငန်းများပြန်လည်လုပ်ကိုင်နေကြပြီဟု ဒေသခံများထံမှ သိရပါတယ်။

“ ကုမ္ပဏီတွေတွင်တွင်ကျယ်ကျယ်လုပ်နေကြပြီ နိုင်ငံရေးကတော့ဒီဘက်မှာဘာမှမရှိဘူး လောလောဆယ်တိုက်ပွဲဖြစ်တာတို့ တင်းမာမှုတို့ဘာမှမရှိဘူး ဆောင်းရာသီဆိုလုပ်ကြပေမယ့် မနှစ်ကနဲ့ဒီနှစ်နဲ့မတူတော့ဘူး’ဟု ဖားကန့်မြို့ခံတစ်ဦးက  ပြောပြပါတယ်။

ပြီးခဲ့သည့်လတွေထဲ  မြို့နယ်အတွင်းမှာ ခိုးဆိုးလုယက်မှုတွေ ၊ဓားပြတိုက်ခံရမှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ မကြာခနဖြစ်ပွားနေခဲ့တာဖြစ်ကာ ကျူးလွန်ပြုလုပ်သူတွေကို ဖမ်းဆီးရမိပြီးနောက် ဒေသတွင်းအနည်းငယ် ငြိမ်သက်ကောင်းမွန်နေတာလည်း ဖြစ်ပါတယ်။

ယခုလိုကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်စပြုလာနိုင်ကြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး  ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

“ တူးတာမှရက်ရက်စက်စက်  နိုင်ငံတော်ကခွင့်ပြုချက်တော့ဘယ်ရမလဲ ဒီလိုပဲလေ လက်နက်ကိုင်အဖွဲ့တွေနှစ်ဖက်လုံး ဒီလိုပဲပေါင်းပြီးမှ တူးစားကြတာပေါ့” 

ကျောက်စိမ်းတူးဖော်မှုတွေကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်အမျိုးမျိုးဖြင့် တူးဖော်နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *