ဖားကန့်မြို့နယ်အတွင်းဓာတ်ဆီတင်ကားများ ပိတ်ပင်ခံရမှုကြောင့်   ဓာတ်ဆီရှားပါးမှုတွေဖြစ်ပေါ်နေ

ဖားကန့်မြို့နယ်အတွင်း စက်သုံးဆီကားတွေဝင်ရောက်မှုကို စစ်ကောင်စီတပ်တွေက ပိတ်ပင်ထားတာကြောင့် ဓာတ်ဆီရှားပါးမှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး     အင်းတော်ကြီး- ဖားကန့်လမ်းပိုင်း နဲ့ မိုးကောင်း-ဖားကန့် လမ်းပိုင်းတွေမှာ ဓာတ်ဆီကားဝင်ရောက်ခွင့် ပိတ်ထားခံရမှုဟာ တပတ်ကြာရှိခဲ့ပြီဖြစ်ပြီး ဆီရှာပါးမှုတွေဖြစ်ပေါ်နေတာလို့ဆိုပါတယ်။ 

လက်ရှိမှာ   အသုံးအများဆုံးဖြစ်သော ဓာတ်ဆီအမျိုးအစား 92 နဲ့ 95 တွေဟာ တချို့ ဆီဆိုင်တွေမှာ ပြတ်လပ်မှုဖြစ်ပေါ်နေတာလည်းဖြစ်ပြီး  92  တစ်လီတာကို သုံးထောင်ကျပ် နဲ့  95  တစ်လီတာကို ၃၉၀၀ အထိ ရောင်းမြင့်ချနေကြတာဖြစ်ကြောင်း ဒေသခံများက ဆိုကြပါတယ်။ 

  “ ဆီတွေက ကျန်တော့ကျန်သေးတယ် နဲနဲပဲကျန်တော့တာတဲ့ ခနကဆီထည့်ရင်းမေးကြည့်တာ  တစ်နေ့တစ်နေ့ကို သုံးနာရီလောက်ရောင်းပြီးပြန်ပိတ်ကြတယ် ဆီကတော့ပုံမှန်ဈေးပဲ လမ်းတွေကတော့ပိတ်ထားတုန်းပါ့၊  တစ်ချို့ဆိုင်တွေကတော့ ပြတ်ကုန်ကြပီ တစ်ချို့ဆိုင်တွေကတော့ ရှိတာလေးနဲ့ ထုတ်ရောင်းနေကြတာပေါ့’ ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

စက်သုံးဆီအရောင်းဆိုင်တွေမှာလည်း ဖေဖာ်ဝါရီလ ၁၅ ရက်နေ့မှာ  လုပ်ငန်းသုံး ဒီဇယ်ဆီတွေသာ ကျန်ရှိပြီး ဓာတ်ဆီတွေကုန်ပြီဖြစ်ကြောင်း ကြေညာထားကြပါတယ်။ 

စက်သုံးဆီတချို့ကို အင်းတော်ကြီး- ဖားကန့်လမ်းပိုင်းကနေ အိမ်စီးကားတွေနဲ့ သယ်ယူရောင်းချမှုတွေဆက်တိုက်ရှိနေတယ်လို့လည်း အင်းတော်ကြီးဒေသခံတွေဆီကနေ သိရပါတယ်။ 

ဖားကန့်မြို့နယ်အတွင်း ဓာတ်ဆီကားဝင်ရောက်ခွင့်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာလည်း တစ်ကြိမ်ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး အဲ့ချိန်ကလည်း စက်သုံးဆီပြတ်လပ်မှုတွေနဲ့  စျေးနှုန်းကြီးမြင့် မှုတွေနဲ့ ဒေသခံတွေကြုံတွေ့ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *