ဖားကန့်မြို့မှာ စားသောက်ကုန်စည်အားလုံးနီးပါးပြတ်လပ်နေ 

ဇူလိုင် ၃၀ ၊ ဖားကန့်

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်အတွင်းကို ဝင်ရောက်နိုင်ဖို့ တစ်ခုတည်းသာရှိတော့တဲ့  အင်းတော်ကြီး-ဝှေခါလမ်းပိုင်းပိတ်ပင်မှု (၂)ပတ်ကျော်ကြာမြင့်လာခဲ့ပြီး လက်ရှိကြက်ဥတစ်လုံးကို (၃)ထောင်ကျပ်အထိ စျေးမြင့်တက်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

စားသုံးကုန်စည်အားလုံးနီးပါး ပြတ်လတ်နေပြီး  ကြက်သားတစ်ပိဿာ တစ်သိန်းကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာ တစ်သိန်းကျပ်၊ခရမ်းချဉ်သီးတစ်ပိဿာ ၆သောင်းကျပ်၊ ဝက်သား တစ်ပိဿာကိုကျပ်(၇)သောင်းခွဲနဲ့ အမဲသား တစ်ပိဿာ ၆ သောင်းခွဲကျပ်အထိ စျေးပေါက်နေတယ်လို့ ဆိုကြပါတယ်။

ပစ္စည်းကတော့ ဘာမေးမေးဝယ်လို့မရတော့ဘူးလေ အသားခြောက်လည်းဝယ်လို့မရတော့ဘူး လူစားသောက်ကုန်ပစ္စည်းအတော်များများ ဘာမှဝယ်လို့မရတော့တာ ဆန်ဆို ဆင်း-၃ (ဆင်းဧကရီ-၃) တစ်အိတ်ကို (၂)သိန်းရှိတယ် လောလောဆယ်အဲ့ဆင်း-၃ ဆန်တစ်ခုပဲရတယ် ဆန်အမာဆို ဝယ်ဖို့မစဉ်းစားနဲ့တော့ ပြတ်လတ်သွားပြီ လောလောဆယ်စက်သုံးဆီတွေကတော့ စျေးတက်တာကလွဲလို့ပြတ်လတ်တာမရှိသေးဘူး အဓိကပြတ်တာက စားသုံးကုန်ပဲပြတ်တာ” ဟု ဖားကန့်မြို့ခံတစ်ဦးက ပြောပြပါတယ်။  

ဒီစားသုံးကုန်တွေဟာလည်း စျေးနှုန်းသာရှိနေပြီး ပစ္စည်းတွေက မရှိသလောက် ရှားပါးပြတ်လတ်နေတာဖြစ်ကြောင်း သိရပါတယ်။

ပုံမှန်အချိန်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့  ငပိအထုပ်တွေတောင် ဝယ်ယူရရှိဖို့ ခက်ခဲနေပြီး အခုလိုဖြစ်ပွားနေတာကြောင့် စားသုံးကုန်ရောင်းချတဲ့ စျေးဆိုင်အားလုံးနီးပါးလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။

ခက်ခဲတယ်တော်တော်လေးကို ခက်ခဲတယ်ပြောမပြတတ်လောက်အောင်ကို ခက်ခဲသွားကြပါတယ် ဟိုအရင်ကိုဗစ်ကာလကြီးခက်ခဲတယ်ဆိုတာ လက်ရှိဒီကာလကို ဘယ်မှီမလဲ လက်ရှိဒီကာလက တော်တော်လေးကိုဝဋ်ကြွေးပါတယ် ဝဋ်ကိုတော်တော်ကြီးတယ်ပြောရမယ်’ ဟု  ဆိပ်မူဒေသခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

ဖားကန့်မြို့နယ်အတွင်းကို ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းနှစ်ခုရှိတဲ့အနက်  မိုးကောင်း-ဖားကန့်လမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့များဘက်မှ ပိတ်ပင်ထားတာ နှစ်လခန့်ကြာမြင့်နေပြီဖြစ်သလို   အခု အင်းတော်ကြီး-ဝှေခါ-ဖားကန့်လမ်းပိုင်းဖြတ်သန်းခွင့်ကိုတော့  စစ်ကောင်စီ နှင့်  KIA+PDF တပ်ဖွဲ့များက ပိတ်ပင်တာလည်း

Leave a Reply

Your email address will not be published. Required fields are marked *