ဖားကန့်မြို့ကိုဓာတ်ဆီကားတွေစစ်ကောင်စီတပ်ကပြန်ဝင်ခွင့်ပြု

နိုဝင်ဘာ ၁၁ ၊ ဖားကန့် 

ဖားကန့်မြို့ကိုပိတ်ခွင့်ပေးထားတဲ့ ဓာတ်ဆီကားတွေကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြန်ဝင်ခွင့်ပြုလိုက်ပြီလို့ ဖားကန့်ဒေသခံတွဆီကနေ သိရပါတယ်။ 

“ ဝင်တယ်လို့ကြားတယ်၊ ဆိုင်တွေဖွင့်ထားတယ်။ ဆိုင်တွေတော်တော်များများတော့ပြန်ဖွင့်ပြီ ဆိုင်ကြီးတွေလေ၊ ကားဝင်ရပြုရတာနည်းနည်းလွယ်လို့ရတယ်နေမှာ၊ ဆီစျေးကတော့ ငါမနေ့ကဝယ်လာတာကတော့ တစ်သောင်းရှစ်ထောင်၊​ဒီနေ့က ဆီဆိုင်တွေကအဖွင့်များတယ်။ စျေးက ဘယ်လောက်လဲတော့မသိဘူး” လို့ ဆိပ်မူဒေသခံတစ်ဦးက ပြောပြပါတယ်။ 

စက်သုံးဆီကားများဝင်ရောက်ခွင့်ပြုခဲ့ပေမယ့် စစ်ဆေးမှုတင်းကြပ်တာတွေကြောင့် ကားအစီးရာနှင့်ချီ လမ်းကြောပိတ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

အောက်တိုဘာလကုန်ပိုင်းကနေစ နှစ်ပတ်ကျော်အထိ စက်သုံးဆီကားများကို ဖားကန့်မြို့နယ် နန့်ယားကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ခွင့်ပိတ်ထားတာလည်းဖြစ်ပါတယ်။ 

ဒီလိုပိတ်ထားမှုကြောင့် စက်သုံးဆီ ၉၂ အမျိုးအစားက ပြတ်လပ်သည်အထိဖြစ်ခဲ့ပြီး တစ်ဂါလံကို နှစ်သောင်းကျပ်ကနေ နှစ်သောင်းခွဲကျပ်အထိ စျေးနှုန်းတွေလည်းမြင့်တက်ခဲ့ပါတယ်။ 

ဖားကန့် – နန့်ယား- မိုးကောင်းလမ်းကနေ ဆီများဝင်ရောက်ခွင့်ပိတ်ထားပေမယ့် အင်းတော်ကြီး-ဝှေခါ-ဖားကန့်လမ်းပိုင်းကနေ ဆီပေပါတင်ထားတဲ့ကားတွေ သွားလာခွင့်ရခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းမှာ စက်သုံးဆီကားများဝင်ရောက်ခွင့် ကန့်သတ်ထားသည့်အပြင် ဆေးဝါးများသယ်ဆောင်တင်သွင်းခွင့်ကိုလည်း တင်းကြပ်ကန့်သတ်ထားတယ်လို့ ခရီးသွားခဲ့တဲ့ ဒေသခံတွေဆီကပြောဆိုကြပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *