ဖားကန့်မြို့တွင်ပစ်သတ်ခံလိုက်ရသည့်ရှမ်းနီစာယဉ်လူငယ်ကိုသဂြိုလ်ပြီးစီး 

အမိန့်ပြန်တမ်းဖတ်ကြားနေသည့် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ

နိုဝင်ဘာ ၂၅ ၊ ဖားကန့် 

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအဝင်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့  ပစ်သတ်ခံလိုက်ရသည့် အသက် ၂၈ နှစ်အရွယ်  ကိုရှိုင်းမင်းအောင်ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သဂြိုလ်ပြီးစီးခဲ့ပြီလို့ လုံးခင်းရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီဆီကနေ သိရပါတယ်။ 

သူဟာ လုံးခင်းရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ရှမ်းနီလူငယ်မောင်မယ်အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ဆိုပါတယ်။ 

ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီရုံးဆောက်လုပ်ရာ  အားသွန်ခိုက်စိုက် ပါဝင်ကူညီသူလည်းဖြစ်သလို  ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့မှာလည်း ကီးဘုတ်တီးခတ်သူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။  

နိုဝင်ဘာလ ၂၂ ရက်နေ့မှာ  ကိုရှိုင်းမင်းအောင်နဲ့ သူ့သူငယ်ချင်းတစ်ဦးတို့က   မှော်စီဇာကျေးရွာကအပြန် လုံးခင်းရွာဝင်အနီးမှာ ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦးရဲ့ အနီးကပ် ပစ်ခတ်ခံလိုက်ရတာလည်းဖြစ်ပါတယ်။ 

ပစ်ခတ်သွားတဲ့အဖွဲ့အစည်းကိုလည်း ဒီနေ့အထိ မသိရှိရသေးဘူးလို့လည်း ရှမ်းနီစာယဉ်အဖွဲ့ဝင်တွေက ပြောကြပါတယ်။ 

အဲ့ဒီနေ့ည သန်းခေါင်ကျော်မှာပဲ  ကာမိုင်းမြို့မှာ နေထိုင်တဲ့ ရှမ်းနီယဉ်ကျေးမှုကော်မတီဝင်ဟောင်းတစ်ဦးလည်း လယ်တောမှာအိပ်နေတဲ့အချိန် ပစ်သတ်ခံရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *