နိုဝင်ဘာ ၂၃ ၊ ဖားကန့်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၁)မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုရှိုင်းမင်းအောင်ကို နိုဝင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီဝန်းကျင် အချိန်မှာ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကိုရှိုင်းမင်းအောင်ဟာ ရှမ်းနီလူငယ်တစ်ဦးဖြစ်ပြီး ရှမ်းနီအကသီချင်းတွေမှာ ကီးဘုတ်တီးခတ်ပေးနေသူတစ်ဦးလည်းဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကိုရှိုင်းမင်းအောင် နဲ့အတူ သူငယ်ချင်းတစ်ဦးတို့က မှော်စီဇာကျေးရွာကအပြန် လုံးခင်းရွာဝင်အနီးမှာ ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦးရဲ့ အနီးကပ် ပစ်ခတ်ခံလိုက်ရတာလည်းဖြစ်ပါတယ်။
ပစ်ခတ်ခံရမှုကြောင့် ပွဲခြင်းပြီးသေဆုံးသွားပြီး သေနတ်သမားတွေကလည်း ပစ်ခတ်ပြီး လုံးခင်းကျောက်ဝိုင်းအနီးဖြတ်မောင်းသွားတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ဆိုကြပါတယ်။
သေဆုံးသူ ကိုရိူင်းမင်းအောင်၏ ရုပ်အလောင်းကိုတော့လုံးခင်းသင်္ဂဟ လူမူ့ကူညီးရေးအသင်းမှ သူ၏ အိမ်ကိုပို့ဆောင်ကူညီ ပေးခဲ့ကြသည်ဟုသိရပါတယ်။
ဖားကန့်မြို့နယ်မှာ ပစ်ခတ်သတ်ဖြတ်မှုတွေက မကြာခဏဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံတွေမလုံမခြုံမှုတွေတိုးမြင့်နေတာလည်းဖြစ်ပါတယ်။