မတ် ၁၄ ၊ ဖားကန့်
ဖားကန့်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အတွင်း ပထမဆုံးကျဆုံးသွားတဲ့ ရှမ်းနီတိုင်းရင်းသား ကိုကျော်လင်းထိုက် တစ်နှစ်ပြည့်ပြီအနေနဲ့ ဒေသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဝမ်းနည်းခြင်းသပိတ်ကို ပြုလုပ်ခဲ့တယ်လိုသိရပါတယ်။
၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ဖားကန့်မြို့နယ် မရှီကထောင်လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ရင်ဘက်ကျည်ထိမှန်ပြီး သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
ဒီနေ့မှာ သူ့ရဲ့ တစ်နှစ်ပြည့်အနေနဲ့ မရှီကထောင်လမ်းပေါ်မှာ လွမ်းသူပန်းတွေချပြီး ကောင်းရာသုဂတိလားစေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်။
ဖားကန့်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေမှာ ပါဝင်ခဲ့သူတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးထားတာ ငါးဆယ်ဦးနီးပါးရှိပြီး ၃ ဦးလည်းကျဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို စစ်ကောင်စီက ဖြိုခွင်းမှုတွေကို မတ်လအတွင်းမှာ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ပါတယ် ။
ဒါကြောင့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ ဖြိုခွင်းပစ်ခတ်ခံရမှုမှာ သေဆုံးခဲ့တဲ့ ရှမ်း ၊ ရှမ်းနီတိုင်းရင်းသားတွေ ငါးဦးထက်မနည်းရှိနေတာလည်းဖြစ်ပါတယ်။