ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာဆိုင်းဘုတ်ရှေ့မှာ လူသုံးလောင်းသတ်ခံထားရတဲ့ အလောင်းတွေ့ 

ဇွန် ၂၀ ၊ ဖားကန့် 

ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာဆိုင်းဘုတ် အနီးမှာ  ဇွန်လ ၂၀ ရက်နေ့ မနက် ၂ နာရီအချိန်မှာ လူဦးသုံးနောက်ပြန်ကြိုးတုတ်ပြီး သတ်ထားထားတဲ့ အလောင်းကို တွေ့ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးတွေဆီကနေ သိရပါတယ်။ 

“ဒီနေ့ပေါ့ မနက် ၂ နာရီပေါ့ လူသုံးယောက် နောက်ပြန်ကြိုးတုတ်ပြီးမှ သတ်ထားတာကို လာပစ်သွားတာ ။ အများပြည်သူက ည ၂ နာရီမှာတွေ့တာ ။ ဘယ်အချိန်လာပစ်သွားတယ်ဆိုတာတော့မသိဘူး ။ ညတစ်နာရီတော့ခန့်မှန်းတာပေါ့ ။ မနက် ၆ နာရီမှာတော့ သက်ဆိုင်ရာက ရင်ခွဲရုံကို လာပို့ပေးတာ​“ လို့ လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူ ပရဟိတတစ်ဦးက ပြောပြပါတယ်။ 

အသတ်ခံရတဲ့ သုံးယောက်က ဖားကန့်မြို့နယ် တော်မှော်ကျေးရွာက အသက် (၆၀) အရွယ် ဦးသက်ချိုဦး ၊ ဆိုင်းရာကျေးရွာက အသက် (၅၀) အရွယ် ဦးထွန်းအောင်ဖြစ်ပြီး  ကျန်တဲ့ တစ်ဦးကတော့ အသက် (၃၅) နှစ်အရွယ်ဖြစ်ပြီး နာမည်နဲ့ နေရပ်လိပ်စာကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာတွေကလည်း စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

ဇွန်လ (၁) ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု  ဆွတ်အောင်အထွက် တံတားအနီးမှာနောက်ပြန်ကြိုးတုတ်ထားပြီး သေဆုံးနေသည့် လူငယ်အလောင်းလေးလောင်း တွေ့ရှိမှုတစ်ခုလည်းဖြစ်ပွားခဲ့ ပါတယ်။ 

Leave a Reply

Your email address will not be published.