မှော်ပုံကျေးရွာထဲကိုလက်နက်ကြီးကျဒဏ်ရာရသူသုံးဦးထဲကတစ်ဦးသေဆုံး 

က
လက်နက်ကြီးကျလို့ ဒဏ်ရာပြင်းထန်သူကို ကားပေါ်တင်ဆောင်နေစဉ်

ဇွန် ၂၀ ၊ လုံးခင်း 

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာထဲကို မော်တာကျည်ဆန် နှစ်လုံးကျလို့ ကျေးရွာသား (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ တစ်ဦး ဒီနေ့ နေ့လည်မှာ သေဆုံးသွားတယ်လို့  ဒေသခံတွေဆီကနေ သိရပါတယ်။ 

အခုနန့်ယားကနေပြန်ခေါက်ခဲ့ပြီတဲ့မြစ်ကြီးနားကိုခေါ်သွားတာလမ်းမှာဆုံးလို့ပြန်ခေါ်ခဲ့တာလုံးခင်းသုဿာန်မှာသဂြိုလ်မှာ”​ လို့ဒေသခံတစ်ဦးကရှမ်းနီအသံကိုပြောပြပါတယ်။ 

သေဆုံးသူက အသက် (၅၄) နှစ်အရွယ်  ဒေါ်ခင်ညိုဝင်း ဖြစ်ပြီး ယာလက်ပြင်နဲ့ ဘေးမှာ ဒဏ်ရာပြင်းထန်ရခဲ့တာလည်းဖြစ်ပါတယ်။  

ကျန်တဲ့ ဒဏ်ရာရရှိသူတွေက မနန်းမို့​မို့အေး/အသက်(၂၃)နှစ်အရွယ်က ပေါင်နဲ့ခြေသလုံး ဒဏ်ရာရခဲ့သလို မောင်စိုင်းခေါင်မြတ်ထွဋ်အသက်(၁၇)နှစ်ကတော့ ခြေဖမိုးနဲ့နဖူးတွင်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ 

မနေ့က ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီခွဲကျော်အချိန်မှာ မဇွပ်ယန် ထောင်အနီးမှာရှိတဲ့ စစ်တပ်စခန်းကနေ လက်နက်ကြီး (၃) ချက် ပစ်ခတ်သံကို ကြားရတယ်လို့ ထောင်အနီးမှာရှိတဲ့ မဇွပ်ယန်ကျေးရွာသားတွေက ပြောဆိုပါတယ်။ 

အဲ့အချိန်မှာပဲ မှော်ပုံရွာ လမ်းသွယ်(၉)ထိပ်တစ်လုံး၊ စိမ်းလဲ့အောင်ကျောက်ဖြတ်ခုံသို့တစ်လုံးကျရောက်ပေါက်ကွဲခဲ့ရာ ထိုအနီးရှိ အပစ်မဲ့ပြည်သူ၊ရွာသားများ ဒဏ်ရာရခဲ့ကြတာလည်းဖြစ်ပါတယ်။ 

တိုက်ပွဲလည်းမဖြစ်ကြပဲ ဒီလိုပဲ အေးချမ်းစွာရှိနေချိန်မှာ ပစ်ခဲ့တာပါဟုကျေးရွာသားများထံမှသိရပြီးထိုကဲ့သို့ မဇွပ်ယန်ထောင်စခန်းဖက်မှ မှော်ပုံ.မဒဲယန်ကျေးရွာသို့ မော်တာဖြင့် အကြောင်းမဲ့ပစ်ခတ်သည်မှာ (၂)ကြိမ်တိုင်တိုင် ရှိပြီး ပစ်ခဲ့တိုင်းအပစ်မဲ့ပြည်သူများ ဒဏ်ရာရသူရ၊သေသူကသေကြရသည်ဟုသိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *