ဖောင်းပြင်မြို့နယ်ကလွင်ကြီးရဲကင်းစခန်းမီးရှို့ခံရ

လွင်ကြီးကျေးရွာကို တွေ့မြင်နေရစဉ်

ဇန်နဝါရီ ၂၄ ၊​ ဖောင်းပြင်

ဖောင်းပြင်မြို့နယ် လွင်ကြီးရဲကင်းစခန်း ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီခွဲအချိန်မှာ မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ရှမ်းနီအသံကိုပြောပါတယ်။​

“ လွင်ကြီးရဲစခန်းမနေ့က ၁၀ နာရီခွဲဝန်းကျင်လောက်မီးရှို့ပြီးတော့ သွားလိုက်ကြတယ်လို့ပြောတယ်။ ရဲစခန်းတစ်ခုလုံးလောင်တယ်။ တန်းလျားတွေလည်းအကုန်လောင်တယ်လို့ပြောကြတယ်။​တစ်စခန်းလုံးကတော့ လောင်သွားတာပါ့” လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။ 

ဒီလိုမီးရှို့မှုတွေကို PDF.  တွေပြုလုပ်တယ်လို့လည်း ပြောဆိုမှုတွေရှိနေပေမယ့် PDF အဖွဲ့တွေက ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ 

မီးရှို့ခံရတဲ့ လွင်ကြီးရဲစခန်းမှာ  ရဲတွေ မရှိသည်မှာ လနှင့်ချီကြာမြင့်နေပြီလည်းဖြစ်ပါတယ်။​

မီးရှို့ခံရမှုက ရဲစခန်းအပြင် ဝန်ထမ်းတန်းလျားတွေလည်း မီးရှို့ခံရပြီး  လွင်ကြီးဒေသခံတွေက မီးငြိမ်းသတ်ခဲ့ရတယ်လို့ဆိုပါတယ်​။ 

ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ဖောင်းပြင်မြို့နယ်ထဲမှာရှိတဲ့ ရဲစခန်းနှစ်ခုကိုလည်း ဒေသခံကာကွယ်ရေးတပ်တွေကို ဝင်ရောက်တိုက်ခိုက်မှုတွေပြုခဲ့ပါသေးတယ်။ 

ဖောင်းပြင်မြို့နယ်က မိုင်းချောင်းရဲစခန်း နဲ့ ရေအောက်တောင်းရဲစခန်းတို့ တိုက်ခိုက်ခံရပြီး စခန်းကို   မီးရှို့ခဲ့တဲ့ အပြင် လက်နက်တွေ နဲ့ စခန်းမှူး ၊ ရဲတပ်သားတွေ လည်း ဖမ်းဆီးရမိတယ်လို့ NUG ဘက်က ထုတ်ပြန်ခဲ့ပါတယ်။​ 

Leave a Reply

Your email address will not be published. Required fields are marked *