မေ ၁၀ ၊ ဖောင်းပြင်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဖောင်းပြင်မြို့နယ် ရဟီးကျေးရွာက နေအိမ် ၂၁အိမ်ကို ပျူစောထီးတွေက မေလ ၈ ရက်နေ့မှာ မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ သတင်းကလည်းတိကျခိုင်လုံတယ်။ မီးရှို့တာလည်းမှန်တယ်။ ချောင်းဂွရယ်၊ ရွှေညောင်ပင် ၊ တပ်ကနေပြီးတော့ လက်နက်ထုတ်ပေးထားတယ်လို့ ၊သတင်းရတယ်။ ရောင်းဟီးမှာတစ်ယောက်ကျတယ်။ ဒဏ်ရာရတဲ့ သူကိုပင်လည်ဘူးကိုခေါ်သွားတယ်။ တစ်နေ့က စပါးကျီတွေကောပါတယ်။ ရောင်းဟီးမှာ PDF အဖွဲ့ကအဲ့မှာနေထားတော့ အဲ့လိုထောက်ပံ့တဲ့ပုံစံဖြစ်တာပေါ့”လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
လက်ရှိအချိန်မှာ PDF တွေနဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ဘက်က ရောင်းဟီးကျေးရွာနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
နေအိမ်မီးရှို့ခံရသူအပါအဝင် ဒေသခံတစ်ချို့လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဖောင်းပြင်မြို့နယ်အတွင်းမှာ PDF တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုသတင်းတွေမကြာခဏဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။