ဗန်းမောက်တောင်ပိုင်းကော်တာရွာကနေအိမ်၂၀ဝန်းကျင်မီးရှို့ခံရ

အောက်တိုဘာ ၁၈ ၊ ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသက ကော်တာကျေးရွာမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀ ဝန်းကျင် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

အောက်တိုဘာ ၁၆ ရက်နေ့ မနက် (၉) နာရီအချိန်မှာ စစ်ကောင်စီတပ်သားတွေက  မီးစတင်ရှို့တာဖြစ်တယ်လို့ သိရပါတယ်။ 

“ ၁၆ အိမ်တော့ပြာကျတယ်။ ကျန်တဲ့ဟာတွေကတော့ နဲ့နဲဲစီလို့တော့ပြောတယ်” လို့ ကော်တာကျေးရွာအနီးက မံကပ်ရွာဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ကော်တာရွာမှာ အပိုင်းနှစ်ပိုင်းရှိပြီး မီးရှို့ခံရတဲ့နေရာက ရွာဟောင်းရွာမကဖြစ်ပြီး ရွာသစ်နေရာက မီးလောင်ကျွမ်းခြင်းမရှိဘူးလို့သိရပါတယ်။ 

စစ်ကောင်စီတပ်တွေက ခမ်းပတ်တောင်ဆီကို အောက်တိုဘာ ၁၅  ရက်နေ့ကရောက်ရှိခဲ့တာဖြစ်ပြီး မနက်ပိုင်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် မီးရှို့ခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတွေက ပြောဆိုပါတယ်။ 

လက်ရှိမှာ ခမ်းပတ်တောင်ကြောပေါ်မှာ KIA + PDF ပူးပေါင်းတပ်ဖွဲ့နဲ့ တောင်အောက်မှာ စစ်ကောင်စီ တပ်တွေက နေရာယူထားကြပြီး စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။ 

ဗန်းမောက်တောင်ပိုင်းဒေသမှာ KIA + PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေခဲ့တာ ရက်သတ္တနှစ်ပတ်ရှိနေပြီလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *