ဗန်းမောက်မြို့က စျေးသည်အမျိုးသမီးတစ်ဦးကို ဖိုးသမားတစ်ဦး လုယက်ဓားပြတိုက်

အောက်တိုဘာ ၈ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ပေကုန်းကျေးရွာမှ စျေးသည်အမျိုးသမီးတစ်ဦးကို ဖိုးသမားတစ်ဦးက လုယက်ဓားပြတိုက်ခဲ့ကြောင်း သိရသည်။ 

အောက်တိုဘာလ  (၇)​ရက်နေ့ နံနက် (၄) နာရီအချိန်က ၎င်းက ဗန်းမောက်သို့သွားသည့် လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။​

“ အထမ်းထမ်းပြီးစျေးလာရောင်းတဲ့သူကို ဖိုးသမားတွေက ဖိုးစရိတ်မရှိတော့ ရတဲ့ဥစ္စာယူတော့တာပဲ​၊အပြန်အလှန်ရိုက်ကြတော့ အမျိုးသမီးက ဆေးရုံတက်လိုက်ရတယ်” ဟု ဗန်းမောက်ဒေသခံတစ်ဦးက ဆိုသည်။ 

ဖိုးသမားက ဓားဖြင့် ခြိမ်းခြောက်ဓားပြတိုက်မှုကြောင့် အမျိုးသမီးမှာ  ၊ ခေါင်းကွဲ​၊နှာခေါင်း ၊ လည်းပင်းတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံတွင် ရောက်ရှိကုသနေကြောင်း သိရသည်။​

ဗန်းမောက်မြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးသုံးစွဲမှု နှင့် ရောင်းဝယ်ဖောက်ကားမှု မြင့်တက်လာခဲ့ကြောင်း ပြောဆိုနေကြသည်။ 

“ ဆေးသမားတွေပေါလာတော့ ဒါတွေက ဖြစ်လင့်ကစားဖြစ်စဉ်တွေ ဖြစ်နေအုံးမှာပဲ၊ ခေတ်ပျက်ကြီးထဲမှာ ဝါးစေလုပ်နေကြတာလေ ။ ဒီလိုအချိန်မှာအထည်ကြီးကိုင်တဲ့သူတွေအတွက် အခွင့်အလမ်းတစ်ခုလိုဖြစ်နေတာ” ဟု ဗန်းမောက်ဒေသခံတစ်ဦးက ဆိုသည်။​

ဗန်းမောက်မြို့နယ်တွင် ရွှေထွက်ရှိသည့် မှော်များစွာရှိနေပြီး ထိုမှော်များတွင် မူးယစ်ဆေးမှုပြဿနာများစွာရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *