ဗန်းမောက်မြို့နယ်ကြောင်လည်ကျေးရွာအထကကျောင်းကိုဗုံးထောင်မယ်လို့ခြိမ်းခြောက်  

ကြောင်လည်ကျေးရွာ အထကကျောင်းမှာ CDM မလုပ်တဲ့ ဝန်ထမ်းတွေ အလိုမရှိကြောင်း စာရေးထားပုံ

ဖေဖော်ဝါရီ ၁၅ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေကြီး ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာရှိ အထက်တန်းကျောင်းကို ကျောင်းဆက်လက်ဖွင့်ထားမယ်ဆိုရင် ဗုံးထောင်မယ်ဆိုတဲ့ စာကို ဒီနေ့ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ  လာပစ်သွားကြောင်း ဒေသခံတွေက ရှမ်းနီအသံကိုပြောဆိုပါတယ်။​

“ ဒီနေ့မနက်ကို စာလာပစ်တယ်၊  ကောင်မလေးတစ်ယောက်နဲ့ ယောက်ျားလေးနှစ်ယောက် ၊​ခြေလျင်နဲ့ပြေးတာ ၊ ကလေးတွေမြင်အောင်တောင်မှ လက်နဲ့ စာစာစာ ဆိုပြီးတော့မှာပေးပြီးတော့ ပြေးသွားတာ အဲ့ကောင်မလေးက “ လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောဆိုပါတယ်။ 

ကြောင်လည်ကျေးရွာရှိ အထက်တန်းကျောင်းဆက်လက်ဖွင့်နေမယ််ဆိုရင် ဗုံးထောင်မယ်လို့ စာထဲမှာပါဝင်ပါတယ်။​

စာလာပစ်တဲ့ ကောင်မလေးက အသက် (၁၈) နှစ်ဝန်းကျင်သာရှိနိုင်ပြီး ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာကိုတော့ မသိကြောင်း ကြောင်လည်ဒေသခံတွေက ပြောဆိုကြပါတယ်။ 

ဖေဖော်ဝါရီလ (၉) ရက်နေ့ကလည်း ကြောင်လည် အထက စာသင်ကျောင်းဆောင်တွေရဲ့ နံရံမှာ   CDM မလုပ်သူတွေကို မလိုမရှိဆိုပြီး လာရေးခြစ်သွားကြောင်း သိရပါတယ်။ 

“ ကျောင်း၊ ဆေးရုံ ၊ ဘုန်းကြီးကျောင်းတွေက စစ်ဖြစ်နေရင်တောင်ကင်းလွတ်တဲ့နေရာတွေလို့  ကုလသမဂ္ဂကပြောဆိုထားတယ်။  အခု စာသင်ကျောင်းတွေ၊​ဘုန်းကြီးကျောင်းတွေအနီးမှာ ဒီလိုလုပ်မယ်လို့ ခြိမ်းခြောက်တာတွေက မဖြစ်သင့်ဘူး။   အကြမ်းဖက်သမားတွေပဲ ဖြစ်သွားမယ် ” လို့ ဗန်းမောက်ဒေသခံ ရှမ်းနီလူငယ်တစ်ဦးက ပြောပါတယ်။​

ဗန်းမောက်မြို့နယ် တောင်ပိုင်းရှိ မံကပ် ၊ မံပင် ၊​ နားမှော် တို့မှာ ဖေဖော်ဝါရီလထဲမှာ စာသင်ကျောင်းအနီး ၊ ဘုန်းတော်ကြီးကျောင်းအနီး နဲ့ ကျေးရွာအတွင်း မိုင်းပေါက်ကွဲမှုတွေက ၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *