ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသတွေမှာ PDF တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားနေ 

ဇူလိုင်ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်က ထိန်ဆုံ ၊​အလယ်ကန် စတဲ့ ကျေးရွာအနီးမှာ PDF  တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 

ဇူလိုင်လ ၈ ရက် နေ့လည်ပိုင်းကစ ထိန်ဆုံကျေးရွာနဲ့ အလယ်ကန်ကျေးရွာကြားမှာ ပစ်ခတ်သံတွေကြားနေရတယ်လို့ အဲ့ဒီအနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံတွေက ဆက်သွယ်ပြောဆိုပါတယ်။ 

“ ထိန်ဆုံနဲ့ အလယ်ကန် အဲ့ကြားနားမှာ  လက်နက်ကြီးသံတွေ အုံ ၊ အုံ နဲ့ပဲ ၊ အခုညနေပိုင်းတော့ အသံမကြားရပြန်တော့ဘူး” လို့ ဒေသခံတစ်ဦးကပြောပြပါတယ်။ 

ဇူလိုင်လ ၉ ရက်နေ့ နေ့လည်အထိလည်း ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ထိန်ဆုံ ၊ အလယ်ကန် ကျေးရွာသားတွေကတော့ ဗန်းမောက်မြို့နဲ့နီးတဲ့ ကျေးရွာတွေဖြစ်တဲ့ ဒယူး ၊ ရွှေကျောင်း စတဲ့ကျေးရွာနဲ့မြို့ပေါ်က ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်လာခဲ့တယ်လို့လည်း သိရပါတယ်။ 

ထွက်ပြေးတိမ်းရှောင်လာသူတွေရဲ့ စာရင်းအတိအကျကိုတော့မသိရှိရေသေးပါဘူး။ 

ဗန်းမောက်မြို့နယ်မှ ဇွန်လကုန်ပိုင်းကစလို့ PDF တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေက မကြာခဏဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *