ဇူလိုင် ၈ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် Covid19 စတင်တွေ့ရှိသည့် ဇွန် (၂၉) ရက်နေ့မှ ယနေ့ ဇူလိုင် (၈) ရက်နေ့အထိ ၁၀ ရက်အတွင်း ကူးစက်သူ ၂၇၀ ဦးထိရှိကြောင်း သိရသည်။
“ အခုထိတော့တိုးနေဆဲပဲ ။ မြို့မှာက ဆေးဖြန်းတာတွေတော့လုပ်တယ်။ မြို့ပေါ်က ကျောင်းတွေလည်း ဆက်ဖွင့်ထားနေတုန်းပဲ ။ ရွာတွေကကျောင်းတွေလည်း ဆက်ဖွင့်နေသေးတယ်။” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောကြားသည်။
Covid19 အတည်ပြုလူနာများကို အောင်သာကုန်းရိပ်သာစခန်း ၊ ဆေးရုံအသစ်/အဟောင်း နှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးကျောင်းတို့တွေထားရှိကုသနေသည်။
ဗန်းမောက်မြို့နယ်တွင် Covid19 တတိယလှိုင်းတွင် ကူညီလုပ်ဆောင်ပေးမည့် စေတနာ့ဝန်ထမ်းများ ၊ အလှူရှင်များနည်းပါးလျှက်ရှိနေကြောင်း ၎င်းကပြောကြားသည်။
ဆေးကုသပေးမည့် ဆရာဝန် နှင့် သူနာပြု အင်အားများ အားနည်းပါးလျှက်ရှိနေကြောင်း သိရသည်။ “ လာမစစ်သေးတဲ့သူတွေရှိသေးတယ်။ တချို့ရွာတွေဆိုရင် ဗန်းမောက်ကိုသွားရင် ဒဏ်ငွေဘယ်လောက်ဆိုတာတောင် သတ်မှတ်ထားတာရှိတယ်။အရင်လိုတော့ တင်းတင်းကြပ်ကြပ်ကြီးမရှိကြ တော့ဘူး” ဟု ဒေသခံတစ်ဦးကပြောကြားသည်။
ဗန်းမောက်မြို့တွင် တစ်ရက်လျှင် RTD test kit ဖြင့် လူတစ်ရာခန့်တာ စစ်ဆေးနိုင်သေးသည်။