ဧပြီ ၁၁ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို လာမယ့် မေလပိုင်းအတွင်း အကောင်အထည်ဖော်မယ်လို့ ဗန်းမောက်မြို့ခံ သတင်းအရင်းအမြစ်ထံကနေ သိရှိရပါတယ်။
“ငါးလ(မေလ)ပိုင်းကြမှ အကောင်အထည် ဖော်မှာ။ ငါးလပိုင်းမှ သူတို့တပ်က လာဦးမှာ။ အုပ်ချုပ်ဖို့ရာအတွက်ကိုလေ။ ဒီကနေ အုပ်ချုပ်လို့မရဘူး။ ဒေသခံအုပ်ချုပ်လို့ မရဘူးလေ။ ဒါ နိုင်ငံတော်က ဖွဲ့စည်းတာချည်းကိုအေး နိုင်ငံတော်က ဖွဲ့စည်းတဲ့အခါကြတော့ နိုင်ငံတော်က တာဝန်ပေးတဲ့ ခေါင်းဆောင် လာရမှာလေ။” လို့ဆိုပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာဝန်းထမ်းတွေနှင့် မိသားစုဝင်တွေအတွက် အသိပညာပေးဆွေးနွေးပွဲတစ်ခုကို ဗန်းမောက်မြို့မရပ်ကွက် မြို့မ(အလက)စာသင်ကျောင်း အစည်းအဝေးခန်းမမှာ ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းမှာ ကျင်းပခဲ့တယ်လို့လည်း သိရှိရပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာမှာ နည်းဥပဒေအတိုင်း လုပ်ဆောင်သွားမှာ ဖြစ်သည့်အတွက် အရွယ်ရောက်ပြီးသူတိုင်း တာဝန်ထမ်းဆောင်ရမယ်လို့လည်း ဗန်းမောက် မြို့မပြည်သူ့စစ်နဲ့ နီးစပ်သူတွေဆီက သိရှိရပါတယ်။
“ စစ်မှု နည်းဥပဒေအတိုင်းပဲ သွားမှာလေ။ နည်းဥပဒေအတိုင်းပဲ ဆိုတာက ဟိုလိုမိသားစုရယ်လို့ မဟုတ်ဘူးပါ့အေး။ အရွယ်ရောက်တဲ့သူက တာဝန် ထမ်းဆောင်ရမှာပါ့အေး။”လို့ ၎င်းက ။ က်ပြောပါတယ်
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်း ပထမဆုံးအပတ်စဉ်ကို ဧပြီလ ၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပထမဆုံးအသုတ်မှာ ဆန္ဒပြုသူတွေသာ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီရဲ့ သတင်းချယ်နယ်တွေမှာဖော်ပြထားပါတယ်။