ဗန်းမောက်မြို့နယ်ဟဲချိန်ကျေးရွာကပထမဆုံးရှမ်းနီစာပေသင်ကြားရေးသင်တန်းဆင်း 

ဇွန်၁၂ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးထဲက  ရှမ်းနီတိုင်းရင်းသားများ ဒုတိယအများဆုံးနေထိုင်တဲ့  ဗန်းမောက်မြို့နယ်ထဲက ဟဲချိန်ကျေးရွာမှာ နွေရာသီ ရှမ်းနီစာပေသင်ကြားခဲ့တဲ့ သင်တန်းကို ဇွန်လ ၁၂ ရက်နေ့ မှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

၂၀၂၁ ခုနှစ်စ ဇန်နဝါရီလ ၁ ရက်နေ့ကနေ သင်ကြားလာခဲ့ရာမှာ ဧပြီလ ၂၆ ရက်နေ့မှာ ပြီးဆုံးခဲ့ပြီးတော့ သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ ရက်နေ့မှသာ ပြုလုပ်နိုင်တာဖြစ်တယ်လို့ သင်တန်းဦးဆောင်သူ စိုင်းသန်းဇော်က ပြောပြပါတယ်။ 

ဒီသင်တန်းက ဟဲချိန်ကျေးရွာမှာ ပထမဆုံးအကြိမ်သင်ကြားတာဖြစ်ပြီး ကလေး (၆၀)  ဝန်းကျင် တက်ရောက်သင်ကြားခဲ့တယ်လို့ သိရပါတယ်။ 

“ ကလေးတွေရဲ့ တတ်မြောက်မှုနှုန်းကတော့ ငါးဆယ်ရာခိုင်နှုန်းလောက်တော့ရှိတယ်။ တချို့အရာတွေက အားမရဘူးပေါ့နော်ကလေးတွေက ဒီနှစ်မှအစလည်းအစဆိုတော့  ဒီနှစ်မှတက်လာတာကိုပဲ အကျိုးအမြတ်လို့ ပြောရမှာပေါ့” လို့ ဟဲချိန်ကျေးရွာရဲ့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဦးဆောင်သူ စိုင်းသန်းဇော်က ပြောပြပါတယ်။ 

ဒီသင်တန်းကို ရှမ်းနီ (KG )အတန်းက စာတွေကို သင်ကြားပေးတာဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း ဆက်လက်သင်ကြားဖို့အတွက် ပြင်ဆင်မှုတွေရှိတယ်လို့သိရပါတယ်။ 

ဒီနှစ် ဗန်းမောက်မြို့နယ်ထဲမှာ ဟဲချိန်ကျေးရွာက  ဒီသင်တန်းက တစ်ခုတည်းရှိတဲ့ ရှမ်းနီစာပေသင်တန်းလည်းဖြစ်တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *