ဗန်းမောက်မြို့မြို့မဘုန်းကြီးကျောင်းအနီးမိုင်းပေါက်ကွဲမှုထပ်မံဖြစ်ပွား

 

ဇူလိုင် ၁၄ ၊​ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ပေါ် မြို့မဘုန်းကြီးကျောင်းအနီးမှာ ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မိုင်းပေါက်ကွဲမှုအနီးရှိ ဒေသခံတွေဆီကနေသိရပါတယ်။ 

မြို့မဘုန်းကြီးကျောင်း အဝင်မုခ်ဦးနားမှာ ၊ မုခ်ဦးဝ အပေါက်တွေဖြစ်သွားတာ ၊ ကျန်တာဘာမှမဖြစ်သွားပါဘူး။ဒါပေမယ့် မြို့ထဲမှာ စစ်ဆေးတာတွေဘာတွေရှိတယ်လေ။  လို့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဒေသခံတစ်ဦးကပြောပြပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းမှာ လက်နက်ကိုင်ဆောင်ထားကြတဲ့ အဖွဲ့အစည်းပိုများလာခြင်းကြောင့် မိုင်းလာရောက်ဖောက်ခွဲတဲ့ အဖွဲ့အစည်းတွေကိုတော့ မသိရှိကြဘူးလို့ ဒေသခံတွေကပြောဆိုကြပါတယ်။ 

မိုင်းပေါက်ကွဲမှုပြီးတဲ့နောက်ပိုင်း ပြည်သူ့စစ်အဖွဲ့များက မိုင်းပေါက်ကွဲတဲ့နေရာကို လာရောက်စစ်ဆေးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

“ အခြေအနေက”တော့ကောင်းပါတယ်။ မြို့ထဲမှာတော့ စစ်သားတွေစစ်ဆေးနေကြတယ်။ လွှစင်ကုန်းဘက်ကပဲ ဒီဘက်စျေးဘက်ကတွေတော့မကြားမိဘူး။”  လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဗန်းမောက်မြို့ပေါ် မြို့မဘုန်းကြီးကျောင်းအနီးမှာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့မှာလည်း မိုင်း ၂ လုံးပေါက်ကွဲခဲ့သလို ၂၀၂၂ ခုနှစ်မှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *