ဗန်းမောက်မြို့ရှိ ပရဟိတ စေတနာ့ဝန်ထမ်း နှင့်သက်ကြီးရွယ်အို များကို Covid19ကာကွယ်ဆေး ထိုးပေး

ယနေ့ နေ့လည်ပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးပေးနေစဉ်။ Photo- စွမ်းပြည့်/ဗန်းမောက်

ဇူလိုင် ၂၇ ၊​ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ရှိ ပရဟိတစေတနာ့ဝန်ထမ်းများ နှင့် သက်ကြီးရွယ်အိုများကို Covid19 ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း ဗန်းမောက်ကျန်းမာရေးဌာနမှ သိရသည်။ 

“  ပထမက Volunteer (စေတနာ့ဝန်ထမ်း) တွေကိုထိုးတာ ဒီနေ့က ထွေအုပ်ကနေပြီးတော့မှ  အသက်ခြောက်ဆယ်ကျော်တဲ့ သူတွေကို ထိုးပေးတာပေါ့နော သူတို့စာရင်းကောက်တဲ့ဟာကို ကျန်းမာရေးဌာနကထိုးပေးတာ ဆေးက စုစုပေါင်းမှာ သုံးရာကျော်ပဲရှိတာ ဆက်တိုက်ကြီးထိုးပေးနိုင်တာလည်းမဟုတ်ဘူး အဲ့တာတွေကို ရှိသမျှ ထိုးပေးတဲ့သဘောပါ” ဟု ဗန်းမောက်ဆေးရုံအုပ်ဒေါက်တာကျော်ကျော်လင်းကဆိုသည်။ 

ဇူလိုင်လ ၂၆ ရက်နေ့မှစတင်ထိုးနှံပေးခဲ့ခြင်းဖြစ်သည့် စုစုပေါင်း (၃၃၅) ဦးကိုထိုးနှံခဲ့ရာ Volunteer (၃၀) ဦးပါဝင်ကြောင်း သိရသည်။ 

ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးကို ဗန်းမောက်မြို့နယ်အုပ်ချုပ်ရေးကောင်စီက စာရင်းများကောက်ခံ ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဌာနက ထိုးနှံရေးပိုင်းကိုသာ တာဝန်ယူရကြောင်း ၎င်းကဆိုသည်။ 

“​  ကိုဗစ်ဆေးထိုးပြီးရင်တော့ ဘာမှ မထူးခြားဘူးနော့် ညောင်းတာညာတာဘာမှမဖြစ်ဘူးနော ပထမတော့ဖျားမယ်ထင်တာ အခုက ဘာမှမဖြစ်ဘူး ပုံမှန်အတိုင်းပဲ ။ ဒီဆေးကိုတော့ နောက်တစ်လပြည့်လို့ရင် ပြန်လည်ထိုးရမယ်လို့ ပြောတယ်” ဟု ဆေးထိုးနှံခဲ့သူ ကိုစွမ်းပြည့်အောင်က ဆိုသည်။ 

ဗန်းမောက်မြို့နယ်တွင် ဇူလိုင်လ တစ်လအတွင်း ကူးစက်သူ ငါးရာကျော်ရှိနေပြီး (၂) ဦးသေဆုံး ကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *