ဗန်းမော်ခရိုင်ထဲကမိုးမောက်မြို့နှင့်မံစီမြို့တွင်းကို KIA+PDF ပူးပေါင်းတပ်များဝင်ရောက်နေရာယူထား

မေ ၉ ၊ ဗန်းမော် 

ဗန်းမော်ခရိုင်အတွင်းရှိ မိုးမောက်မြို့နှင့် မံစီမြို့အတွင်းကို မေလ ၈ ရက်နေ့မှ စပြီး ကချင်လွတ်မြောက်ရေးတပ် KIA နှင့်  PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်နေရာယူထားပြီဖြစ်တယ်လို့ ဒေသခံတွေက ရှမ်းနီအသံကို ပြောပါတယ်။ 

“  မိုးမောက်မြို့ထဲကမှာတော့ ကေအိုင်အေရောက်ထားပြီထင်တယ်. ၄၃၇ တပ်ရင်းရှိတယ်လေ အဲ့တာခံသေးတယ်။  မိုးမောက်ကိုတော့ ဝင်ပြီထင်တယ်။ ဝင်ထားလို့ ဒီကနေ လက်နက်ကြီးနဲ့ ပစ်နေတယ်။​လေယာဉ်နဲ့တောင်ဗုံးကျဲနေတယ် ။ မိုးမောက် ပတ်ဝန်းကျင် ။ KIA က မိုးမောက်မြို့ထဲကိုတော့ ဝင်လို့ရနေပြီပေါ့ ။ 

မေလ ၈ ရက်နေ့မှာ မိုးမောက်မြို့ နဲ့ မံစီမြို့အတွင်းက ရှိတဲ့ စစ်ကောင်စီရဲစခန်းက မြို့တွင်းကနေ ဆုတ်ခွာခဲ့တာဖြစ်ပြီး ခလရ(၄၃၇) မှာ ပြန်လည်ပူးပေါင်းထားတာဖြစ်တယ်လို့သိရပါတယ်။ 

မိုးမောက်မြို့နဲ့ မံစီမြို့ပေါက်ကို ​KIA ပူးပေါင်းတပ်ဖွဲ့တွေဝင်ရောက်ထားခဲ့ပေမယ့် အနီးနားကရှိတဲ့ စစ်ကောင်စီတပ်ကတော့ မကျသေးကြောင်းသိရပါတယ်။ 

“ တပ်ရင်းကတော့ ဘာမှမဖြစ်သေးဘူး။ ရဲစခန်းက ဆုတ်ခဲ့တယ်။ လူ ၃၀ လေးရှိတာကို ဆုတ်ခဲ့တယ်လေ။ မိုးမောက်ထဲမှာလည်း လူမနေတာ့ဘူး ဗန်မော်ရောက်ကုန်ပြီ တခြားနေရာရောက်ကုန်ပြီ။  မနေ့က မံစီထဲက ဆေးရုံထဲက ဆရာမတစ်ယောက်သေတယ်။ မံစီမှာတော့ မြို့ထဲမှာလည်း KIA ရောက်ထားပြီ ။ ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက်ပေါ့လေ။” လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒီနေ့ မနေလ ၉ ရက်နေ့မနက်ပိုင်းကစပြီး စစ်ကောင်စီဟာ မိုးမောက်မြို့ပတ်ဝန်းကျင်တဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်နေသလို လေကြောင်းကနေ တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ 

မိုးမောက်မြို့ပေါ်ရှိ ဒေသခံတစ်သောင်းကျော်နဲ့ မံစီမြို့ပေါ်က ဒေသခံတွေဟာ ဧပြီလအတွင်းမှာပဲ ဗန်းမော်မြို့ဆီကို စစ်ဘေးတိမ်းရှောင်လာခဲ့ကြတာဖြစ်ပါတယ်။ 

ဗန်းမော်ခရိုင်တစ်ခုလုံးမှာလည်း ဗန်းမော် နှင့် ရွှေကူမြို့နယ် နှစ်ခုသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *