မတ် ၈ ၊ဗန်းမော်
ဗန်းမော်မြို့ လေဆိပ်ကို ဆင်းသက်ပျံသန်းတဲ့ လေကြောင်းလိုင်းများအားလုံးဒီနေ့ မတ်လ ၈ ရက်နေ့မှ စတင်ပြီး ပိတ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဗန်းမော်မြို့လေဆိပ်ကို မတ်လ ၇ ရက်နေ့မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း နှင့် ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် လေယာဉ်ပြေးလမ်းထိခိုက်မှုကြောင့် ရပ်နားလိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
“ မနေ့က ပိတ်လိုက်တာ ဒုန်းနဲ့ပစ်လိုက်တာ လေယာဉ်ကွင်းက ဆင်းလို့မရဘူး၊လေယာဉ်ဆင်းလို့မရလို့ မြစ်ကြီးနားထိသွားလို့ မန်လေးလေးလိုက်မယ်သူတွေမလိုက်လိုက်ရဘူး ကျွန်တော်ထင်တာ ဒရုန်းတို့ ဒုန်းစိမ်းတို့ပဲနေမှာ အဲ့လိုဖြစ်သွားလို့ လေယာဉ်ဆင်းလို့မရလို့ မြစ်ကြီးနားကို တစ်ခါတည်းသွားလိုက်ရတာ ရုန်းတို့ဘာတို့ကျလိုက်တာ ဆင်းလို့မရဘူး ဟုတ်တယ်ပြေးလမ်းကြောင်းပျက်သွားတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လေဆိပ် တိုက်ခိုက်ခံရမှုကြောင့် မတ်လ ၇ ရက်နေ့မှာ ဗန်းမော်ကို ဆင်းသက်မယ့် လေကြောင်းလိုင်းတွေဟာလည်း မြစ်ကြီးနားမြို့မှာ သွားရောက်ဆင်းသက်ရတယ်လို့ သိရပါတယ်။
လေယာဉ်ပြေးလမ်းကြောင်းထိခိုက်မှုကို ပြန်လည်ပြင်ဆင်ဖို့အပါအဝင် နဲ့ ဗန်းမော်မြို့နှင့် ၁၀ မိုင်အကွာမှာ စစ်ကောင်စီ နှင့် KIA+PDF ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်နေမှုကြောင့် ရပ်နားခြင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းလိုင်းများရပ်နားပေမယ့် ဗန်းမော်- မန္တလေး ၊ဗန်းမော်-ရန်ကုန် ကားလမ်းကြောင်းများက ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး ခရီးသွားလာမှုတွေရှိနေတယ်လို့သိရပါတယ်။
မတ်လ ၇ ရက်နေ့ တစ်ရက်တည်းမှာပဲ မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းလည်း KIA+PDF ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။