ဘန်ကောက် ကျောင်းသားတင်ယာဉ် မီးလောင်မှုမှာ  ကျောင်းသား/သူ နှင့်  ဆရာ အပါအဝင် ဒါဇင်နီးပါးသေဆုံး

အောက်တိုဘာ ၂ ၊ ဘန်ကောက် 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပဒွန်ဌာနီ ယမန်နေ့ အောက်တိုဘာလ ၁ ရက် အင်္ဂါနေ့က ကျောင်းသူ/သားတင်ယာဉ် (school bus) တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျောင်းသား ၂၀ ဦးနှင့် ဆရာ ၃ ဦး သေဆုံးခဲ့တယ်လို့ Bangkok post က ဖော်ပြပါတယ်။

ဒီကားပေါ်မှာ ကျောင်းသား/သူ (၃၈)  ဦးနဲ့ ဆရာ (၆)  ဦး စုစုပေါင်း ၄၀ ဦးကျော်တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။

မီးလောင်ဒဏ်ရာရရှိသူ ကျောင်းသား ၁၆ ဦး နှင့် ဆရာ ၃ ဦးကို နီးစပ်ရာ ဆေးရုံတွင် တင်ပို့ကုသထားကာ ၎င်းကျောင်းယာဉ် မတော်တဆဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက ပြောဆိုထားပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသား/သူ တွေထဲမှာ ၁၅ ဦးက မူလတန်းကျောင်းသား/သူ တွေဖြစ်ပြီး၊ ၆ ဦးက အထက်တန်းကျောင်းသား/သူ တွေဖြစ်ကြတယ်လို့ သိထားရပြီး၊ ၎င်းကားပေါ်မှ KG ကျောင်းသားကလေးငယ် ၆ ဦး အသက်ဘေးမှ လွတ်မြောက်ကြောင်းလဲ သိရရှိထားရပါတယ်။

ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ် က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ထားပြီး နစ်နာသူများကို ဆေးဝါးကုသမှု ပြုပေးမည်ဖြစ်ကာ ကျန်ရစ်သူမိသားစုအတွက် ငွေကြေးထောက်ပံ့တာတွေလုပ်သွားမယ်လို့လဲ ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *