မဏိပူရ်ပြည်နယ်အတွင်းမြန်မာစစ်ဘေးရှောင်များကိုလုပ်ငန်းမလုပ်ကိုင်ဖို့ကန့်သတ်

အိန္ဒိယ မဏိပူရ်ပြည်နယ်အတွင်း ခိုလှုံကြတဲ့ မြန်မာဒုက္ခသည်များကိုတွေ့ရစဉ်

မတ် ၈ ၊ အိန္ဒိယ 

  အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အတွင်းမှာ ဝင်ရောက်ခိုလှုံကြတဲ့ မြန်မာဒုက္ခသည်တွေကို စီးပွားရေး၊ ကုန်သွယ်ရေး နှင့် အလုပ်သမား လုပ်ကိုင်ခွင့်တွေကို တားမြစ်ကြောင်း ခမ်းကျုံးခရိုင်အမှုဆောင် တရားသူကြီးက အမိန့်တစ်ရပ်ထုတ်ပြန်လိုက်လိုက်တယ်လို့ အိန္ဒိယသတင်းတွေက ဖော်ပြပါတယ်။

ခမ်းကျုံးခရိုင်အတွင်းမှာရှိတဲ့ မြန်မာဒုက္ခသည်တွေဟာလည်း ဒုက္ခသည်စခန်းအတွင်းမှာသာ နေထိုင်ရမှာဖြစ်တယ်လို့ အတိအလင်းကြေညာထားပါတယ်။ 

ဒါ့အပြင်  ဒုက္ခသည်တွေကို  စီးပွားရေး သို့မဟုတ် ကုန်သွယ်မှုလုပ်ငန်းများတွင် ပါဝင်ခြင်းနှင့် အလုပ်သမား  နဲ့ ကူညီဆောင်ရွက်ပေးသူများအဖြစ် လုပ်ဆောင်ခြင်းတို့ကို တားမြစ်ထားကြောင်း အလေးပေးဖော်ပြထားပါတယ်။ 

မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh က ပြည်နယ်အတွင်း တရားမဝင် မြန်မာနိုင်ငံသား ၆၇၄၆ ဦးကို ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ စစ်ဆေးတွေ့ရှိခဲ့ကြောင်း လွှတ်တော်သို့ တင်ပြခဲ့ပါတယ်။ 

ဒုက္ခသည်တွေရဲ့ ဇီဝဆိုင်ရာ အချက်အလက်စုဆောင်းပြီးနောက် မြန်မာနိုင်ငံသား ၂၅၉ ဦးကို ၎င်းတို့၏ မွေးရပ်မြေသို့ ပို့ဆောင်ခဲ့ပြီး ကျန်အများပြည်သူလူထုနှင့် ရောနှောခြင်းမှ ကင်းဝေးစေရန် ယာယီအမိုးအကာထားရှိထားကြောင်း Singh က ပြောပါတဘယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *