
ဇန်နဝါရီ၉၊မန္တလေး
မန္တလေးမြို့မှာ ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းအချိန်က Space Bar မှာ ကားဗုံးပေါက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“ အသံအကျယ်ကြီးကြားလိုက်တယ်၊ ပေါက်ကွဲသံလိုလိုပဲ ၊ ဘာဖြစ်တာလဲဆိုတာကိုတော့မသိဘူး” လို့ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာအနီး နေထိုင်သူ တစ်ဦးက ပြောပြပါတယ်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားမှာရှိတဲ့ လူစည်ကားတဲ့ Space Bar မှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မီးသတ်ကားတချို့ မီးလာရောက်ငြိမ်းသတ်ခဲ့တယ်လို့ မျက်မြင်သူတွေက ဆိုပါတယ်။
ဒီလုပ်ရပ်ကို မန္တလေးအခြေစိုက် တော်လှန်ရေးအင်အားစုတစ်ခုဖြစ်တဲ့ City hunter (MDY UG) အဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး ၊ သတိပေးတဲ့လုပ်ရပ်ဖြစ်တဲ့အကြောင်း သပြေညိုသတင်းလွှာမှာ ဖော်ပြထားပါတယ်။
Space Bar က စစ်တပ်ကို ထောက်ခံတဲ့ Bar တစ်ခုလို့ ပြောဆိုမှုတွေရှိနေတာလည်းဖြစ်ပါတယ်။