မိုခါမုန်တိုင်းအရေးပေါ်လူမှုရေးအကူအညီအတွက်   SSPP/SSA ကကျပ်သိန်းတစ်ထောင်  ရခိုင့်တပ်တော် (AA) ဆီကိုကူညီလှူဒါန်း 

မေ ၂၄ ၊ ဝမ်ဟိုင်း

ရခိုင်ပြည်နယ်ကို ဖြတ်ကျော်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအပြီး အရေးပေါ် လူမှုရေး အကူအညီတွေအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ( SSPP/SSA) က ငွေကျပ်သိန်းတစ်ထောင်ကို ရခိုင့်တပ်တော် (AA) ဆီကို လှူဒါန်းလိုက်တယ်လို့  မေလ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။ 

ရခိုင်ပြည်သူတွေ ဒုက္ခရောက်နေချိန် ယခုလို ညီနောင်မဟာမိတ်ပီသစွာ ပံ့ပိုးကူညီမှုအပေါ်  မိမိတို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) အနေဖြင့် လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါကြောင်း  ကျေးဇူတင်စာလွှာ ရေးသားအသိမှတ်ပြု ထုတ်ပြန်လာပါတယ်။ 

AA ပါဝင်ထားသည့် မြောက်ပိုင်းညီနှောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA က ကျပ်သိန်းတစ်ထောင်၊ TNLA  က ကျပ်သိန်းငါးရာ၊ ဒါ့အပြင် FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ KIA   က ကျပ်သိန်းသုံးထောင်၊ အန်ယူဂျီက ကျပ်သိန်းတစ်ထောင် ပေးအပ်ကူညီ

ပေးအပ်ခဲ့တာလို့ AA က ဒီရက်ပိုင်းအတွင်း ကြေညာထားပါတယ်။ 

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းတွေကို ရှင်းလင်းပြုပြင်ဖို့၊ လမ်းပန်းဆက်သွယ်ရေးပြန်ကောင်းဖို့၊ ဆားငန်ရေဝင်ရောက်ခဲ့တဲ့ သောက်သုံးရေကန်တွေကို အမြန်ဆုံးပြန်အသုံးပြုနိုင်အောင် လုပ်ဖို့လိုနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကလည်း မုန်တိုင်းသင့်တဲ့ ရခိုင်ပြည်နယ်ကို  ပြန်လည်ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးလုပ်ဆောင်ဖို စစ်ကောင်စီကိုလှူဒါန်းထားငွေ ကျပ်သိန်းပေါင်း (၁၃၁,၈၁၀) တစ်သိန်းသုံးသောင်းတစ်ထောင့်ရှစ်ရာဆယ်သိန်း အထိရရှိထားတယ်လို ကြေညာထားပါတယ်။

 မုန်တိုင်းသင့်ဒေသတွေကို ကူညီဖို့ အာဆီယံနိုင်ငံတွေကပေးပို့တဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ သန်းခန့် တန်ဖိုးရှိတဲ့ သဘာဝဘေး ကူညီရေးပစ္စည်းတွေ လက်ခံရရှိထားတယ်လို့ မေ ၂၃ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *