မိုးကောင်းမြို့နယ်မှာရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့သမီးဖြစ်သူသေနတ်နဲ့ပစ်ခတ်ခံရ 

မိုးကောင်းမြို့ဝင်ဆိုင်းပုဒ်ကို တွေ့ရစဉ် Photo/Wiki

ဩဂုတ်မိုးကောင်း 

မိုးကောင်းမြို့ စျေးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ သ မီးဖြစ်သူကို အမည်မသိ လက်နက်ကိုင်ထားသူနှစ်ဦးက ဩဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

“ စျေးကုန်းရပ်ကွက် ဥက္ကဌရဲ့အိမ်ဟုတ်တယ်။ သူ့သမီးပေါ့ပစ်ခံရတာ ၊ ရှပ်ထိလေးပဲလို့ပြောတယ်”  လို့ မိုးကောင်းမြို့ဒေသခံ တစ်ဦးက ပြောပြပါတယ်။ 

ပစ်ခတ်ခံရသူက စျေးကုန်းရပ်ကွက်မှာရှိတဲ့ ဧပရယ်မိုးဆန်ဆိုင်ပိုင်ရှင်  မစန္ဒာလွင်ဖြစ်ပြီး သူအိမ်ရှေ့ဆွမ်းဆန်စိမ်းလောင်းနေစဉ်အတွင်းမှာ လာရောက်ပစ်ခတ်သွားတာဖြစ်ကြောင်း သိရပါတယ်။ 

ပစ်ခတ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေက စျေးကုန်းရပ်ကွက်ထဲကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။ 

ဒီလိုပစ်ခတ်ခံရမှုသတင်းတွေကြောင့် ဒေသခံတွေကြားမှာလည်း စိုးရိမ်ကြောက်လန့်မှုတွေဖြစ်နေတယ်လို့ သိရပါတယ်။ 

မိုးကောင်းမြို့မှာ ရဲစခန်း ၊ စည်ပင်သာယာရုံးနဲ့ စျေးအနီးမီးပွိုင့်နားတို့မှာ ပေါက်ကွဲမှု (၃) ကြိမ်ဖြစ်ပေါ်ခဲ့ပြီး  ပေါက်ကွဲမှုတွေကြောင့် ရဲတစ်ဦးသေဆုံးထားတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *