နိုဝင်ဘာ ၂၉ ၊ မိုးကောင်း
မိုးကောင်းမြို့နယ် လျှပ်စစ်ရုံးဝန်ထမ်းအဆောက်အဦးနောက်ကျောနဲ့ ရထားသံလမ်းကြားမှာ ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ည ၆ နာရီကျော်ဝန်းကျင်အချိန်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ EPC ရုံးဝန်ထမ်းအိမ်ရာနောက်ကြော အြ့နောက်ကြောမှာက သံလမ်းကူးရှိတယ်။ အဲ့နားမှာလို့ပြောတယ်” လို့ မိုးကောင်းဒေသခံတစ်ဦးက ဆိုပါတယ်။
ဗုံးပေါက်ကွဲသံပြင်းထန်ပေမယ့် အထိအခိုက်ကိုတော့ မသိရှိရသေးဘူးလို့လည်းဆိုပါတယ်။
မိုးကောင်းမြို့မှာ လျှပ်စစ်မီတာခတွေကို လျှပ်စစ်ဝန်ထမ်း၊ ရဲ နဲ့ စစ်သားတွေက မီတာခ မပေးဆောင်တဲ့ နေအိမ်တွေကို မီးလိုက်လံဖြတ်တောက်မှုတွေပြုလုပ်နေကြတာဖြစ်တယ်လို့သိရပါတယ်။
လျှပ်စစ်မီတာရုံးမှာ နေ့စဉ် မနက် ၇ နာရီအချိန်ကနေ ညနေပိုင်းအထိ မီတာခ လာရောက်ပေးဆောင်သူတွေနဲ့ ပြည့်နက်နေဆဲဖြစ်တယ်လို့သိရပါတယ်။