မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာတွင်  KIA က  တစ်အိမ်တက်ဆင်း  စစ်သားကောက်

ဖေဖော်ဝါရီ ၂၁ ၊ မိုးကောင်း 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာတွင် ကျေးရွာသူ/သားများကို KIA က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေအချိန်တွင် တစ်အိမ်တက်ဆင်း စစ်သားစုဆောင်းမှုတွေပြုလုပ်ခဲ့ပြီး ရွာသား ၅၆ ဦးခေါ်ဆောင်ခံရတယ်လို့ ရွာခံတွေက ပြောဆိုကြပါတယ်။ 

သူတို့ (KIA) အထက်က မသိိပါဘူး။ တစ်အိမ်တက်ဆင်း စုဆောင်းရေးဆွဲတာတွေကိုမလုပ်ခိုင်းဘူး။သူတို့ကိုသေချာပြန်ပြောပေးပြီးရင် ကြည့်ပြီးတော့ ပြန်လွှတ်ပေးမယ်လို့ပြောတယ် ” လို့ KIA နဲ့ နီးစပ်တဲ့ ရွာသားတစ်ဦးက ပြောပြပါတယ်။ 

စစ်သားစုဆောင်းခံရသူ ၅၆ ဦးအထိရှိပြီး အမျိုးသား အသက် ၂၁ နှစ်အရွယ်ကနေ  ၄၅ နှစ်အထိ ပါဝင်ပြီး အမျိုးသမီး ၄ ဦးပါဝင်တာဖြစ်ပါတယ်။ 

စုဆောင်းခံရသူတွေထဲ ရှမ်းတိုင်းရင်းသား/သူ အများဆုံးဖြစ်ပြီး ကချင်တိုင်းရင်းသူ တစ်ဦးသာပါဝင်တာလည်းဖြစ်ပါတယ်။

တစ်ရက်တည်းမှာပဲ အင်းတော်ကြီးဒေသ လက်ပံတန်းကျေးရွာတစ်ခုလုံးကို တစ်အိမ်တက်ဆင်း စစ်သားစုဆောင်းမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 

စစ်သားစုဆောင်းမှုနဲ့ပတ်သက်ပြီး KIA ဘက်က တစ်အိမ်တက်ဆင်းလုပ်ဆောင်ဖို့ ညွှန်ကြားထားခြင်းမရှိဘူးလို့ဆိုသော်လည်း စုဆောင်းမှုတွေကို ပြုလုပ်ဖို့ခွင့်ပြုထားတယ်လို့ KIA နဲ့ နီးစပ်သူတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ယူမှုတွေမရှိနေပေမယ့်လည်း ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက စစ်သားစုဆောင်းရေးဆွဲမှုတွေဟာ မကြာခဏရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

မိုးညှင်းမြို့နယ်နဲ့ မိုးကောင်းမြို့နယ်ထဲက ပြည်သူ့စစ်တပ်ဖွဲ့တွေက ည ၁၀ ဝန်းကျင်အချိန် အပြင်ထွက်တဲ့ လူငယ်တွေကိုအဓိကထားပြီး အပတ်စဉ်နီးပါး စစ်သားစုဆောင်း

Leave a Reply

Your email address will not be published. Required fields are marked *