မိုးကောင်းမြို့ တွင် ကျောင်းလာကြိုသည့် စစ်တပ်ကား အပစ်ခံရပြီး (၂)ဦး ဒဏ်ရာအပြင်းအထန်ရရှိဟုဆို

ဩဂုတ် ၂၀ ၊ မိုးကောင်း

မိုးကောင်းမြို့ စျေးကုန်းရပ်ကွက် အထက(၁)စာသင်ကျောင်းအနီးတွင် ကျောင်းကြိုဖို့ စောင့်နေသည့် စစ်တပ်ကားတစ်စီး အပစ်ခံရပြီး စစ်သားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့မှု မနေ့သြဂုတ်လ ညနေ(၃)နာရီ မိနစ်(၂၀)ကျော်အချိန်တွင် ဖြစ်ပွားခဲ့သည်ဟု မိုးကောင်းဒေသခံများထံမှ သိရပါတယ်။

“ ကားကရပ်နေတာလေ သူတို့ကလေးတွေကိုလာကြိုတာ ကျောင်းပို့ကျောင်းကြိုကတော့နေ့တိုင်းလုပ်နေတာ ကြိုတဲ့အချိန် ခလေးတွေမဆင်းသေးဘူး” ဟု ကျောင်းသူ/သားများကို စောင့်ဆိုင်းနေချိန် အပစ်ခတ်ခံခဲ့ရတာဖြစ်သည်ဟု ရပ်ကွက်တွင်းနေထိုင်သူ တစ်ဦးက ဆိုပါတယ်။

အဆိုပါအပစ်ခတ်ခံလိုက်ရသော ကားပေါ်တွင် တပ်သား(၃)ဦးသာ ပါရှိခဲ့တာဖြစ်ပြီး ပြန်လည်ခုခံနိုင်ခြင်းမရှိခဲ့ဘူးဟု ရပ်ကွက်နေပြည်သူတစ်ချို့က ပြောဆိုနေကြပါတယ်။

စစ်ကောင်စီတပ်သား(၂)ဦးဟာ သေဆုံးသွားသည်ဟုလည်း ပြောဆိုမှုတွေရှိနေကြပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးဘူးဟု မိုးကောင်းဒေသခံတစ်ဦးကပြောပါတယ်။

“လောလောဆယ်တော့ သေတာကိုကအတည်တော့ပြုလို့မရသေးဘူး မြစ်ကြီးနားကိုတော့သယ်သွားတာပဲပြောတာ သေသွားတဲ့သတင်းကတော့ ထွက်တော့မထွက်သေးဘူး ဟိုဘက်ကတော့သေတယ်လို့တော့ပြောတယ် ဒါမဲ့စစ်တပ်ဘက်ဒီဘက်မှာတော့ သေတယ်ဆိုတဲ့ဟာတော့မကြားသေးဘူး” ဟု မိုးကောင်းဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီ၏ကျောင်းကြိုကျောင်းပို့ ပြုလုပ်နေသောကားကို လူ(၄)ဦးက မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်တာဖြစ်ပြီး စစ်ကောင်စီဘက်မှ ဖမ်းဆီးရမိိနိုင်ခြင်းမရှိသေးကြောင်းဒေသခံတွေက ပြောဆိုပါတယ်။

ယခုလိုတိုက်ခိုက်ခံရပြီးနောက် မြို့တွင်းရှိ လမ်းနေရာအချို့နှင့် ကျွန်းတောတံတားအနီးရှိ လမ်းများကို စစ်ကောင်စီဘက်မှ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေသည်ဟုလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *