မိုးညှင်းမြို့နယ်ကလူငယ်အများအပြားမြဝတီ၊လောက်ကိုင်၊မိုင်းလားစသည့်မြို့များသို့သွားရောက်အလုပ်လုပ်ကိုင်သူများပြားနေ

နိုင်ငံရေးမငြိမ်သက်မှုများကြောင့် မိုးညှင်းမြို့နယ်အတွင်းက လူငယ်များစုအတွက် အလုပ်အကိုင်ရှားပါးနေပြီး  တခြားနယ်စပ်မြို့တွေမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ များပြားနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

လူငယ်တွေက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ ၊ ရှမ်းပြည်အရှေ့ပိုင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့  NDAA နဲ့ မြဝတီမြို့တွေမှာ အလုပ်လုပ်ခွင့်ရဖို့အတွက် တရုတ်စာသင်တန်း၊ကွန်ပြူတာသင်တန်းများတက်ရောက်နေသူ လူငယ်အများအပြားရှိတာလည်းဖြစ်ပါတယ်။ 

“ကျွန်မသမီးက တရုတ်စာရတော့ခုနှစ်လပိုင်းကပေါ့မြဝတီမှာအလုပ်လုပ်နေတဲ့ သူ့သူငယ်ချင်းခေါ်တော့လိုက်သွားတာ “ကျာဖြန်”ဆိုလား အွန်လိုင်းဂိမ်းကုမ္ပဏီလို့တော့ပြောတာဘဲ ၊  လအစ သွားတုန်းကတော့ ဆယ့်နှစ်သိန်းရတယ် ဒုတိယလတော့ ဆယ်ငါးသိန်းရတယ်၊ ကုမ္ပဏီက နေစရာစားစရာ အကုန်စီစဉ်ပေးတယ် ကွန်ပျူတာရှေ့ထိုင်ယုံဘဲဘယ်မှတော့မထွက်ရဘူး တိုက်ခန်းထဲ နေယုံဘဲ” လို့  မြဝတီမြို့တို့သွားရောက်အလုပ်လုပ်ကိုင်နေသူ၏ မိခင်ဖြစ်သူကဆိုပါတယ်။ 

“ကျာဖြန်”ဆိုသည်မှာ ဂိမ်းတခုကိုအကြောင်းပြုကာ အွန်လိုင်းလိမ်လည်သည့်ဂိမ်းတစ်ခုလို့ဆိုပါတယ်။

“ကျာဖြန်”ဆိုတာက အမှန်တကယ်က အွန်လိုင်းလူလိမ်ပေါ့ဗျာ။ ကျွန်တော့်သွားလုပ်တုန်းကတော့ တရုတ်စာမရတော့အဂ်လိပ်စာနဲ့ပေါ့။ကျွန်တော်တို့ပစ်မှတ်ထားတဲ့ လူတွေကတော့ စိတ်နုတဲ့လူတွေ တယောက်ထဲနေတဲ့သူတွေ အိမ်ထောင်ဖက် ရှာတဲ့သူတွေစသည့် ပုံစံအမျိုးမျိုးကို နည်းလမ်းပေါင်းစုံနဲ့ယုံကြည်လာအောင် လုပ်ပြီးလိမ်ရတာပေါ့ဗျာ။ “ လို့ အဲ့ဒီလုပ်ငန်းမှာလုပ်ကိုင်ခဲ့ဖူးသူ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

သွားရောက်အလုပ်လုပ်ကိုင်ကြသူတွေက အသက်အရွယ် ၁၆ ကနေ ၃၀ ဝန်းကျင်လူငယ်တွေဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူနဲ့ တက္ကသိုလ်တက်ရောက်နေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ 

“ကျာဖြန်” company များသည် တရုတ်အစိုးရ၏ဖမ်းဆီးမှုတွေကြောင့်  တရုတ်၊မြန်မာနယ်စပ်များတွင် အသွင်ပြောင်း ပြည်သူ့စစ်များကိုအကာကွယ်ယူကာ ယခုနှစ်များတွင်ပိုမိုလုပ်ကိုင်လာခဲ့ကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *