မိုးညှင်းမြို့နယ်မော်ဟန်ရဲစခန်းကို KIA နဲ့ PDF တိုက်ခိုက်  

မော်ဟန်ကျေးရွာကို တွေ့ရစဉ် (Photo – Internet )

ဒီနေ့ ဖေဖော်ဝါရီလ (၃)ရက်နေ့ မနက် ၄ နာရီအချိန်မှာ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ နယ်မြေရဲစခန်းကို KIA နဲ့ PDF တွေဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်လို့ သိရပါတယ်။ 

တိုက်ခိုက်မှုတွေကြောင့် ရဲစခန်းမီးလောင်ပျက်စီးသည့်အပြင် ရဲတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေဆီကနေသိရပါတယ်။ 

သေဆုံးသည့် ရဲနှစ်ဦးက စခန်းမှူး နှင့် တပ်ကြပ်ကြီးဖြစ်တယ်လို့ ဒေသတွင်းမှာ ပြောဆိုပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

ဒီတိုက်ခိုက်မှုကြောင့် မော်ဟန်ရဲစခန်းက လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတဲ့အပြင် ရဲတပ်သားတချို့လည်း ဖမ်းဆီးသွားကြောင်း PDF တွေရဲ့လူမှုကွန်ရဲ့ စာမျက်နှာမှာ ထုတ်ဖော်ရေးသားထားကြပါတယ်။ 

မော်ဟန်ကျေးရွာက ရွှေဘို-မြစ်ကြီးနား အဝေးပြေးလမ်းမပေါ်မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး မော်ဟန်ရဲစခန်းကလည်း ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်ဆေးမှုတွေပြုလုပ်တဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *