မိုးညှင်းမြို့နယ်မှာလူတစ်ဦးချင်းဆီရဲ့ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်ကောက်ယူခြင်းစတင်နေ

အောက်တိုဘာ ၂၀ ၊ မိုးညှင်း 

မိုးညှင်းမြို့မှာ လူငယ်ဦးချင်းစီရဲ့ ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် ( Biometric Data )  ကောက်ယူမှု စမ်းသပ်ခြင်းတွေကို  အောက်တိုဘာလ ၂၀ ရက်နေ့ မှာ စတင်ပြုလုပ်နေတယ်လို့ ကိုယ်တိုင်သွားရောက်ပြုလုပ်ခဲ့သူတွေဆီကနေ စုံစမ်းသိရပါတယ်။ 

“ အရင်ဆုံးက မျက်နှာ Scan ယူတယ်။ အိမ်နံပါတ်ယူတယ်။ လက်ဗွေ၊ မျက်စိ Scan  ယူတယ် ဒီလောက်ပဲ” လို့ သွားရောက်ပြုလုပ်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပြပါတယ်။ 

လဝက ရဲ့ Biometric Enrollment Application Form  ပုံစံထဲကို အချက်အလက်တွေဖြည့်သွင်းကာ လူတစ်ဦးချင်းရဲ့ မှတ်တမ်းယူပြီး  QR Code နှင့် ဂဏန်း(၁၀)လုံးပါတဲ့  Unique ID နံပါတ်ပါ စာရွက်တစ်ခု ပြန်လည်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ မိုးညှင်းမြို့ပေါ်ရပ်ကွက်တွေထဲက အောင်သပြေရပ်ကွက်မှာ ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်ကောက်ယူမှုကို စတင်လုပ်ဆောင်နေတာဖြစ်ပြီး ကျန်တဲ့ရပ်ကွက်တွေမှာလည်း ဆက်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက အခုလိုကောက်ယူမှုတွေဟာ လူမှုစီးပွားရေးဆိုင်ရာ လုပ်ငန်း လုပ်ကိုင်ဖို့ လျင်မြန်လာစေဖို့ ၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူ တွေကို စိစစ်ဖို့ နဲ့ အွန်လိုင်းစနစ်နဲ့ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေမှာ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးတိုင်တဲ့ အခြေခံစနစ်တည်ဆောက်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

လဝက က E-ID စနစ်အကောင်အထည်ဖော်ဖို့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေ ၅၂ သန်းရဲ့ E-ID Biographic Registration System အတွင်းမှာ ဖြည့်သွင်းထားပြီလည်းဖြစ်တယ်လို့ ကြေညာထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *