မိုးညှင်းမြို့နယ်မှာ  ညမထွက်ရအမိန့်၁၄၄ကို ထုတ်ပြန်ထား 

ဇွန် ၉ ၊ မိုးညှင်း 

မိုညှင်းမြို့နယ်တစ်ခုလုံး  ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်တစ်ရပ်ကို ယမန်နေ့ ဇွန်လ ၈ ရက်နေ့မှာ မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက  ထုတ်ပြန်လိုက်ထားတယ်လို့ သိရပါတယ်။ 

ညမထွက်ရအမိန့်အဖြစ်  ည (၁၀) နာရီ နှင့် နောက်နေ့ မနက် (၄) နာရီအထိ ကို သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။

မိုးညှင်းမြို့နယ် နယ်နိမိတ်အတွင်း လူတစ်ချို့က အများပြည်သူများ၏ လုံခြုံရေးနှင့် တရားဥကဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေတဲ့ ပြုမူဆောင်ရွက်ချက်တွေ ရှိနေတာကြောင့် ယခုလို ထုတ်ပြန်ရတာလို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

လူ(၅)ဦး၊ (၅) ဦးနှင့်အထက် ပိုမစုရတာ၊  မြို့နယ်အတွင်းရှိ လမ်းမကြီး၊ လမ်းသွယ်၊လမ်းကြား ၊ အများပြည်သူနဲ့ သင်ဆိုင်တဲ့နေရာတွေမှာ လူစုဝေးတာတွေမပြုလုပ်ဖို့လည်းပါဝင်ပါတယ်။ 

သူတို့ကထုတ်တာထုတ်တာပါ။ဒီမှာတော့ပုံမှန်အနေအထားပါပဲ။ဘာမှဖြစ်တာတော့မရှိသေးဘူး။မိုးညှင်းဘက်မှာဆိုလို့ရှိရင်ရက်ထဲရွာတွေထဲမှာတော့သူတို့(စကစ)ရဲ့ဆန့်ကျင်ဘက်တွေတော့ရပ်ထဲရွာထဲဆင်းနေတာတော့ရှိတယ်တဲ့။အဲ့လိုတွေရှိတယ်ပြောတယ်။အဲ့ဒါကြောင့်မို့ထုတ်တာလားမသိတော့ဘူး။လို့အင်းတော်ကြီးဒေသခံတစ်ဦးကဆိုပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းများလည်း မိုးညှင်းမြို့နယ်အတွင်း ယခုရက်ပိုင်း နေရာအနှံ့ရှိပြီး သံချပ်ကာကားများဖြင့် မြို့တွင်းလှည့်လည်သွားလာမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

အဆိုပါ ညမထွက်ရအမိန့်သည် နောက်ထပ်အမိန့်တစ်ခု တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ်စေရမယ်လို့ ဆိုထားပါတယ်။

မိုးညှင်းမြို့နယ်အတွင်းမှာ KIA + PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေဟာ မေလအတွင်းဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *