မေ ၁၅ ၊ မိုးညှင်း
မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနအောက်ရှိ ဆရာ/မ များနှင့် စီမံ ဝန်ထမ်း (၉၁၄) ဦးကို စစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်အတွင်းရှိ CDM လုပ်ဆောင်နေသည့် ဆရာ/မများကို တာဝန်မှ ရပ်ဆိုင်းခြင်းဖြစ်သည်။
၎င်းတာဝန်မှ ယာယီရပ်ဆိုင်းခံလိုက်ရခြင်းမှသည် နိုင်ငံဝန်ထမ်း ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းကြောင့်ဟုဆိုကာ မေလ (၇)ရက်မှစပြီး တာဝန်ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင် မေလ အစောပိုင်းကလည်း ကချင်ပြည်နယ် ပညာရေးရုံး ၊ ခရိုင်ပညာရေးရုံးနှင့် မြို့နယ် ပညာရေးရုံးတို့မှ ဝန်ထမ်းများကို လည်းတာဝန်မှ ရပ်ဆိုင်းကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
မိုးညှင်းမြို့နယ်အတွင်းတွင် ကျောင်းအုပ်များ ၊ ဆရာ/မများ နှင့် ပညာရေးရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၉၃၇) ဦးထိ တာဝန်မှရပ်ဆိုင်းထားခံရသည်။