မိုးညှင်းမြို့နယ် စည်ပင်သာယာဈေးများကို အချိန်အကန့်အသတ်နှင့်သာ ရောင်းချခွင့်ပြု

မိုးညှင်းမြို့နယ်ရှိ မြို့မဈေးအပါအဝင် စည်ပင်သာယာဈေးများကို အချိန်အကန့်အသတ်ဖြင့်သာ ဧပြီလ (၁) ရက်နေ့မှ စတင်ကန့်သတ်လိုက်ကြောင်းသိရသည်။ 

အဆိုပါဈေးကို အသီးအရွက်နှင့် အသားငါးများကို နံနက် ၅ နာရီမှ ၁၀ အထိလည်းကောင်း၊ ညနေပိုင်းတွင် ၄ နာရီမှ ၆ နာရီအထိ ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ကချင်ပြည်နယ် အစိုးရ၏ ညွှန်ကြားချက်ဖြင့် အဖွဲ့ပိုင်ဈေးများတွင် စက်ချုပ်ဆိုင်များ ၊ ပန်းတိမ်ဆိုင်များ ၊ အထည်အလိပ်ဆိုင်များ ၊ နှင့် လူအသုံးအဆောင်ပစ္စည်းများကို တည်ခင်းရောင်း ချခြင်းများကို မတ်လ ၃၁ ရက်နေ့ မှ ဧပြီလ ၃၀ ရက်နေ့အထိ ကန့်သတ်ထားခဲ့သည်။ 

မိုးညှင်းမြို့ပေါ်ရှိ စားသောက်ဆိုင်များ ၊ ထမင်းဆိုင်များ ၊ လက်ဖက်ရည်ဆိုင်များကိုလည်း ပါဆယ်သာ ရောင်းချရန်အတွက် ညွှန်ကြားထားပြီဖြစ်ကြောင်း ထိုဆိုင်များမှ စုံစမ်းသိရသည်။ 

ယနေ့တွင် တချို့သော စားသောက်ဆိုင်များ ၊ အအေးဆိုင်များ နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်သာရောင်းချလျက်ရှိပြီး တချို့ဆိုင်များ ဆိုင်ထိုင်စားသောက်နိုင်သေးသည်။ 

ယနေ့အချိန်ထိ မိုးညှင်းမြို့နယ် Covid 19 ရောဂါပိုး ကူးစက်ခံရသူ နှင့်သံသယလူနာတစ်ဦးမျှမရှိသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *